Part10(uni+zawgyi)အစာစားရင်း မဖတ်ရ

251 18 7
                                    

"ငါတော့ ကျောင်းတောင်မတက်ချင်တော့ဘူးဟာ"မိုးမခပြောလိုက်တဲ့ စကားကြောင့် နှစ်ယောက်လုံးမျက်လုံးပြူးသွားရတယ်
"ဟ နင်ကကျောင်းမတက်တော့ ဘာလုပ်ချင်လို့လဲ"
သော်ကမေးတဲ့ အမေးကို မိန့်မိန့်ကြီးပြုံးပြီး
"ကျောင်းပြေးရအောင်ဟာ ဒီနေ့ဆရာမက စာမေးမှာဟ ငါလည်းမရသေးဘူး"
"ဟာနင်ကလည်း"အဂ္ဂတစ်ယောက် မိုးမခလက်ကိုတွန်းလိုက်တယ်
"အေးဟ ငါလည်းမရသေးဘူး ဂငယ်နင်လိုက်မှာလား"
"ဟီးငါမှမရတာလိုက်ရမှာပေါ့ဟ"
"လူယုတ်မာ အဲ့တာနဲ့များလာမူနေသေးတယ် ငါက ငါတစ်ယောက်တည်းမရ​သေးတာလားလို့"
"နေဦးဟ ကျောင်းပြေးတာတော့ဟုတ်ပါပြီ ငါတို့ကျောင်းလည်းမပြေးဖူးပဲနဲ့ ဘယ်လိုပြေးရလဲသိလို့လား"အဂ္ဂရဲ့အမေးကို ခခွေးတစ်ကောင်ယဉ်ကျေးစွာပဲပြန်ဖြေရှာတယ်
"ဘောလိုပဲ ကျောင်းပြေးပါတယ်ဆိုမှ ကျောင်းမတက်ဘဲသွားချင်ရာသွားပေါ့ဟ ကျောင်းလွှတ်ချိန်အိမ်ပြန်လိုက်ပြီးပြီပေါ့"
"အေးခခွေးမ နင် နင့်မှာမရှိတာနဲ့ပဲဆဲနေနော် နင်တော့ငါမပြောသေးဘူး "
"အေးဟာ ငါ့မှာမရှိလည်း ကကြီးဆီက ငှားဆဲတာဟာ ဘာဖြစ်လဲ"
"အိ"ကကြီးတစ်ယောက် ငှားခံရမှာဆိုလို့ လုံအောင်ဖုန်းထားရတယ် မတော် မိုးမခဆိုတာပြောရတာမဟုတ် ပြောမနိုင်လို့ဆိုပြီး ဖြုတ်ပြီး ဂငယ်ကိုကောက်ပေါက်လိုက်မှ
မွေးရာပါလေး ပျောက်သွားဦးမယ်
အဲ့လိုပါဆို မိုးမခဆိုတာ
.......
ကျောင်းပြေးပြီး ရုပ်ရှင်သွားကြည့်မယ့်သုံးယောက်သား ရုံလက်မှတ်ဝယ်ဖို့တိုင်ပတ်နေပြီလေ ကြည့်လိုက်တော့သုံးယောက်သား ဆယ်ငါးနှစ်လောက်ရှိတယ့်အသက်ကို တမင်ကြီးအောင်လုပ်ပြီး မိဘတွေ အဝတ်အစားတွေဝတ်လာတာ
"လက်မှတ်သုံးဆောင်ပေးပါညီမ"
မိုးမခတစ်ယောက် လက်မှတ်ရောင်းတဲ့ sale girl အမကြီးကို သူထက်ကြီးအောင် ညမလို့ပြောလိုက်တာ ဟိုကလည်း အထာနက်တယ်
"သမီးလေး အသက်မပြည့်ရင် မရောင်းဘူး မေမေနဲ့မှလာကြည့်နော် ဟင်းဟင်း"
"ဟဲ့ ငါ့အသက်ငါ့ နင့်ထက်ပိုကြီးတယ် ငါ့ဟာငါ နုနေလို့ ရောင်းမှာလားမရောင်းဘူးလားပြော"
"ဟင့်အင်းမရောင်းဘူး"
"ဟင်း ပြီးရော မဝယ်ဘူး"
ဘောက်ဆက်ဘောက်ဆက်နဲ့ ထွက်သွားတယ်
"ညီမရေ အစ်ကို့ကို ရှေ့တန်းကသုံးစောင်"
"ဆယ်ရှစ်နှစ်ပြည့်ပြီလား "
"ဟားဟား ပြည့်ပြီးတာမှ ကလေးတောင်နှစ်ယောက်ရှိတယ် ဘာလဲ နုနေလို့လားဟားဟားဟား"
"ဆယ့်ရှစ်နှစ်ပြည့်မှ ပြန်လာခဲ့မောင်လေး ခုမရောင်းဘူး"
"ဟွန့် မရောင်းနဲ့ကွာ မဝယ်ဘူး"
ထွက်သွားတဲ့ကောင်လေးကိုကြည့်ပြီး လက်မှတ်ရောင်းတဲ့ အမျိုးသမီး စိတ်ညစ်သွားတယ်
ပြမယ့်ကားက UP ဆိုတဲ့ကာတွန်းကား ကလေးကားမို့ ကလေးတွေကြိုက်တာမှန်ပေမယ် ဂျာကြီးက အသက်မပြည့်သေးတဲ့ ကလေးတွေကိုလက်မှတ်မရောင်းရဘုးဆိုပြီး ပြောထားလို့ မိမိမှာရောင်းချင်သော်လည်း အလုပ်မပြုတ်ဖို့က အရေးကြီးနေတာကြောင့် ဒီကလေးတွေကို ငြင်းလွှတ်နေရတာပါ
လာပြန်ပြီတစ်ယောက် ခုက အရင်နှစ်ကောင်နဲ့မတူဘူး နုတ်ခမ်းမွှေးအတုတောင်ပါသေး
"သမီးရေ ဦးကို"
"မရောင်းဘူး"
"ဟင် လက်မှတ်လေ"
"မရောင်းဘူး"
"အသက်ပြည့်တယ်လေ"
"မရောင်းဘူးဆို"
"သုံးဆောင်တည်းလေ"
"မရောင်းဘူးလို့ပြောနေတယ်လေ "
"မဝယ်ဘူးဟာ မကြည့်ဘူးပေါ့အဲ့တော့လည်း ဟွန့်"
ကိုယ့်ရှေ့မှာတင်  နုတ်ခမ်းမွှေးတုကိုတောင် ချွတ်သွားသေးတယ် သောက်ကလေးတွေမခန့်တာကြည့်စမ်း
.......
"ကကြီး ငါကြည့်ချင်ပါတယ်ဆို နင်ပြောတော့ဝယ်လို့ရတယ်ဆို ခုဘယ်လိုလုပ်မလဲ ရုပ်ရှင်ကပြတော့မယ် ဟင့်"
"နေစမ်းပါဦး ခခွေးရာ ငါကြံပါဦးမယ် "
"နင်ကသာကြံနေတုန်း ဟိုမှာ အရင်အချိန်ကလူတွေတောင်ထွက်လာပြီ နောက်ချိန်က ပြတော့မယ် မင်းကကြံကောင်းနေ"
ဂငယ်ပြောနေတာကို ကကြီးတစ်ယောက် အကြံရသွားတယ်
"ရပြီဟေ့ကောင်တွေ ငါ အကြံရပြီ ခဏပဲစောင့် မကြာဘူး"
ဟုတ်ပါ့ သိပ်မကြာလိုက် ဆယ်မိနစ်လောက်နေတော့ လက်မှတ်လေးသုံးစောင်ကိုင်ပြီး ပြန်လာတယ်
"ဟေး ကကြီး ရလာပြီ ကြည့်ရတော့မယ် ဟေး ဟေး"
ခခွေးအသံက ကျယ်လားမကျယ်လားတော့မသိ ဂငယ်တောင်လန့်သွားတယ်
"ဟဲ့နင် ဘယ်လိုရလာတာလဲ "ဂငယ်ကမေးတော့
"အဲ့တာ လှို့ဝှက်ချက် မပြောဘူးပြောရင်သတ်"
"မသာကောင် မပြောလဲနေကွာ ဘယ်လိုပဲရလာရလာ ကြည့်ရဖို့က အရေးကြီးတယ် ဟီး ခခွေးလာသွားမယ်"
ရုံထဲရောက်တော့ သုံးယောက်သား ကြည့်ပြီး ပျော်နေတာ အပျော်တွေတောင်မဆုံးလိုက် မိုးမခတစ်ယောက် ဇာတ်လမ်းစပြီ အလယ်ကနေပြီး အီးထုလိုက်တယ် ဖြစ်မှာပေါ့ မနက်က လမ်းမှာ မုန်ဟင်းခါးသုံးပွဲတိတိကြိတ်ထားတာလေ ပြီးတော့ ရုပ်ရှင်ရုံရှေ့က အချဉ်ပေါင်းသယ်ဆီကလဲ သရက်သီး သုပ်တစ်ထုပ်ကိုနှစ်ရာဆိုတာကို ငါးရာဖိုးသုံးထုပ်နဲ့ အတင်းစစ်ပြီး ကကြီးနဲ့ ဂငယ်က မစားလို့ သူတစ်ယောက်တည်း ထပ်ကြိတ်ထားတာလေ ရုံထဲရောက်တော့ သူများတွေက ပေါက်ပေါက်လောက်စားတာ သူက ငါးခြောက်ကြော်ဘူးကြီးဝယ်လာပြီးစားတာလေ
ဂငယ်က ဆပ်သားခြေညက်ကြော်လေးစားပါဟာလို့ပြောတော့
"ရုပ်ရှင်က အကြာကြီးပြမှာဟ ငါက အဲ့ ဆပ်သားခြောက်လေးတစ်ထုတ်နဲ့ ဘယ်လိုနေရမှာလဲ ကုန်သွားရင် နင်လက်ငါကိုက်စားရမှာလားတဲ့"လေ အဲ့တော့ နှစ်ကောင်သားဘာမှမပြောရဲခဲ့ မဟုတ်ရင် သူတို့လက်တွေ အန္တရာယ်ရှိနေတာကိုး
ခုတော့ စပြီလေ ဇာတ်လမ်းကောင်းနေပါပြီဆိုမှ
"ဟာ ခခွေး နင်ဟာ "
"ကကြီးငါမရတော့ဘူး ငါ အီးပါချင်နေပြီ"
"ဟ သွားပါပေါ့ဟ ငါက နင်ကို လိုက်အားပေးရမှာလား"
ကကြီးက အလယ်မှာထိုင်နေတာကြောင့် တိုးတိုးလေးပြောတာကို ငနဲက ဘေးကဂငယ်ပါကြားအောင်အော်ပြောလိုက်တယ်
"ဟင့် ငါတစ်ယောက်တည်းမသွားရဲလို့ပေါ့ဟ လိုက် လိုက်ခဲ့ပါဟာနော်"
"ဟာ မလိုက်ဘူး ကိုယ့်ဟာကိုယ်သွား ဒီမှာကောင်းခန်းရောက်နေပါပြီဆို"
"ဂငယ် "
"မျက်နှာငယ်လေးနဲ့လာလုပ်မနေနဲ့ လာသွားမယ်"
ဂငယ်က ထလိုက်တော့ ကကြီးလည်းမနေနိုင်တော့ဘူး သုံးယောက်သားထသွားပေမယ့် ကျောင်းတက်ရက်မို့ နေ့လည်ပိုင်းလူရှင်းတာကြောင့် သူတို့ထိုင်တဲ့နားကနေ အိမ်သာကို သွားဖို့ သိပ်မခက်ခဲ သူတို့ဘေးမှာတောင် လူမှမရှိတာလေ
အိမ်သာက ကျားမခွဲထားတာကြောင့် မိုးမခတစ်ယောက်တည်းဝင်သွားတဲ့ အချိန် နှစ်ယောက်သား အပြင်မှာမတ်တက်ရပ်စောင့်နေတယ်
"ဟေ့ကောင် မင်းဘယ်လိုလက်မှတ်ရလာတာလဲ ပြောစမ်းပါကွာ ငါသိချင်လို့"
"ဟီး ဒီလိုကွ ငါတို့ရှေ့အချိန်မှာ ကြည့်ပြီးပြန်လာတဲ့ လူတွေထဲက အမတစ်ယောက်ကို အကူအညီတောင်းပြီးဝယ်ခိုင်းလိုက်တာ "
"ဟိုက အသာတစ်ကြည်ဝယ်ပေးတယ်ပေါ့ ဟုတ်လား"
"အေးပေါ့ကွ ငါကရုပ်ခံရှိတာကိုဟဲဟဲ"
အမှန်က ဦးလေးကြီးတစ်ယောက်ကို ငိုယိုပြီးဝယ်ခိုင်းတာ
ဒါပေမယ့်သိတယ်မလား ကြွားတာ ကြွားတာ
ကြွားချိန်တောင်သိပ်မကြာလိုက် ခခွေးရဲ့ ဆိုးဆိုးဝါးဝါးအော်သံကြောင့် နှစ်ယောက်လုံလန့်သွားတယ်
အိမ်သာထဲဝင်ဖို့ကလည်း သူတို့ကယောက်ျားလေးတွေဆို တော့ ဝင်လို့မရ
"ဟဲ့ ခခွေး ဘာ ဘာဖြစ်တာလဲ"
"ခခွေးရရဲ့လား "
".......ဟီးအီး ကယ်ပါဦး ဟီးအီး "
"ဘာဖြစ်တာလဲ ပြောလေ မငိုနေနဲ့ ငါတို့ အပြင်မှာရှိတယ်နော် နင်ဘာ ဟွတ် ဖြစ်တာလဲ"
အထဲကို လှမ်းအော်ပြီး ပြောနေတာ ကကြီးတစ်ယောက် ချောင်းတောင်ဆိုးတယ်
"ဟီး ကကြီး ငါ ငါလေ အီးပါတာ အစိမ်းရောင်တွေ  ငါ အီးစိမ်းပန်းပြီးသေတော့မယ် အီးဟီး "
"ဟင် "
နှစ်ကောင်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး  ဘာဖြစ်မှန်းလဲမသိ
"ဟဲ့ နေဦး နင် မနက်က ထောပတ်သီးတွေဘာတွေစားလာသေးလား"
"........"
ဟိုကပြန်မဖြေတော့
"ဟင့် ကကြီး ဘယ်လိုလုပ်မလဲ ခခွေးသေတော့မှာလားဟင် အီးစိမ်းပန်းရင်သေမှာမလား"
"ဟာ မင်းကတစ်မှောက်"
ကကြီး တစ်ယောက် အပြေးအလွှား စဉ်းစားလိုက်တယ်
"ဟဲ့ နင့် အိမ်သာခွက်ကိုပြန်ကြည့်စမ်း ရေတွေပြာနေလားလို့"
ခခွေးကလည်း ကြည့်ရှာပါတယ်
"အေး ဟင့် ပြာနေတယ် ဟင့်ဟင့် ဘာလို့လဲ"
"ဟဲ့ မသာမရဲ့ အဲ့တာ ရေပြာတွေခပ်ထားတာလေ နင်ပါလိုက်တဲ့ အီးက အဝါရောင်မို့ စိမ်းသွားတာပေါ့ ထွက်လာတော့"
ကကြီးရှင်းပေးလိုက်မှ အီးစိမ်းကိစ္စပြီးတော့တယ် မဟုတ်ရင် အထဲကနေ တစ်ယောက်ကလည်း အသံပြဲကြီးနဲ့အော်ငိုနေပြီး
အပြင်ကဂငယ်ဆိုတဲ့ကောင်ကလည်း
"ကကြီး ခခွေးကလေ သေရင် ငါတို့ကိုခြောက်မှာလားဟင်"တို့
"ခခွေး နင်သေရင် ကြယ်လေးဖြစ်နေယ် ငါ ညတိုင်းမော့ကြည့်မယ်"တို ပြောနေပြီ
​ကျောင်းပြေးပြီးရုပ်ရှင်တစ်ခါသွားကြည့်ပါတယ် ကကြီးတစ်ယောက် သေချင်စော်ပါနံတယ်
မယ်မင်းကြီးမက အိမ်သာထဲက ထွက်လာတော့ သွားလေးဖြဲပြသေးတယ်
ဂငယ်ကတော့ ခခွေးကို ဖတ်ပြီးငိုလိုက်သေး မသေလို့ပြန်တွေ့ရတယ်ပေါ့
ကကြီးတစ်ယောက်တော့ အဲ့နှစ်ယောက်လုံးကို ကြည့်မရလို့ ရုံထဲသာ အမြန်ပြန်ဝင်ခဲ့တယ်
Thank for reading 7 November 2021
သာသာစိတ်သိပ်မပျော်လို့ ရေးထားတာ အမှားပါရင် ခွင့်လွှတ်ပါနော်

ကခဂTempat cerita menjadi hidup. Temukan sekarang