Uni
"ငါတော့ အဲ့ကောင်တွေကိုဒီတိုင်းမထားနိုင်ဘူးဟာ"
"နေစမ်းပါဦး နင်က ဒီတိုင်းမထားတော့ နင့်ခေါင်းပေါ်တင်ထားချင်လို့လား"
"ဟဲ့ ကကြီးကောင် နင်စကားကို အချိန်အခါကြည့်ပြောနော် ခုငါစိတ်က ပုံမှန်ဖြစ်နေတာမဟုတ်ဘူး"
"အေးလေ ဘယ်ပုံမှန်ဖြစ်မှာလဲ ငါပြောသားပဲ ကျောင်းမပြေးပါနဲ့ဆိုတာ
ငါတို့သုံးယောက်လုံးခွင့်မတိုင်ပဲပျက်မှတော့ ဆရာမလည်း သတိထားမိပြီပေါ့ "
(ဟုတ်ပါတယ် ကျောင်းပြေးတာမိသွားလို့ ကျောင်းခန်းရှေ့ မတ်တပ်ရပ်ပြီးဒဏ်ပေးခံထားရတာပါ)
သိတဲ့အတိုင်း မိုးမခတို့က လူကသာသောက်ကျင့်တစ်စက်မှမကောင်းတာနော်
သူ့ကို လူတိုင်းကအကောက်ကြံနေတယ်လို့ထင်နေတာ
ခုလည်း အတန်းထဲက ကျော်ဇင်ထွန်းတို့အုပ်စုကို သူသံသယရှိနေတာ
"နင်ကလည်းဟာ သက်သေမရှိပဲမစွပ်စွဲပါနဲ့ သူတို့တိုင်တာဖြစ်ချင်မှဖြစ်မှာပေါ့"
"ဟဲ့ မသာလေးဂငယ်ရဲ့ သူတို့မဟုတ်လို့ ဘယ်သူဖြစ်မှာလဲ ငါပြောပြမယ် အဲ့ဒီကျော်ကြီးဆိုတဲ့ကောင်ကလေ တစ်စက်လေးမှအကျင့်ကောင်းတာမဟုတ်ဘူး
သူ့ကြိုက်နေတဲ့ကောင်မလေးကိုငါတို့ပြသနာရှာထားလို့ ငါတို့နဲ့ ခဏခဏလာငြိချင်နေတာသိရဲ့သားနဲ့"
"ဟာ နင်ကလည်း နင်ထင်လို့နေမှာပါ"
ကကြီးပြောစကားကို ဂငယ်ကပါထောက်ခံတဲ့အနေနဲ့ ခေါင်းငြိမ့်ပြတော့
"အေး နင်တို့က ငါပြောတာမယုံရအောင်
ကျော်ကြီးက နင်တို့လင်မို့လို့လားဟဲ့
ငါက ကျော်ကြီးလုပ်တာဆို
ကျော်ကြီးလုပ်တာပေါ့ ဘာတွေလာပြီးအပိုတွေလုပ်နေတာလဲ"ဟိုနှစ်ကောင်လုံးအသံမထွက်တော့
ထပ်ပြောရင် မိုးမခက သူတို့နှစ်ယောက်လုံးကို ကျော်ကြီးမိန်းမလုပ်ခိုင်းတော့မှာလေ"ငါမှာ အကြံရှိတယ် ဒီတစ်ခါတော့ ကျော်ကြီးတစ်ကောင် အရှက်ကွဲစေရမယ်
ဟား ဟား ဟား"
ESTÁS LEYENDO
ကခဂ
Novela Juvenilသော်က မိုးမခ အဂ္ဂ ဆိုတဲ့သိပ်ချစ်ကြတဲ့သူငယ်ချင်းသုံးယောက် သူတို့ထဲကို အချစ်ဆိုတဲ့ဝေါဟာရမပေါ်လာခင်ထိတော့ ပျော်ခဲ့ကြပါရဲ့