Part12(uni+zawgyi)သူ့အကြောင်းတော့ သူသိသား

210 18 6
                                    

Uni

" ဟားဟားဟား အတန်းထဲမှာ
အင်မတန်ဟောင်ပွာဟောင်ပွာလုပ်တဲ့
ကျော်ကြီးလည်း ခြေကလိန်မသရဲခြောက်ခံရလို့
မေ့လဲတဲ့ငကြောက်ကြီးဆိုပြီး
ဝိုင်းစခံနေရတာဆိုတာ မြင်မကောင်းဘူးဟား

ဟား ကျေနပ်တယ် ဟားဟား ခခွေးကိုလာစမ်းရင် ဒီလိုပဲဖြစ်မယ်ဆိုတာ သိသွားပြီး ဟားဟားဟား

ခုကြည့်စမ်း ကျောင်းတောင် တက်ရဲတော့မှာမဟုတ်ဘူး"

ဂငယ်နဲ့ ကကြီးလည်း မိုးမခကိုကြည့်ပြီး လိုက်ရယ်နေတာပေါ့ သူတို့လည်း ကျော်ကြီးကိုကြည့်မရတာဆိုတော့

ကျော်ကြီးခင်ဗျာ မန်ကျည်းပင်အောက်မှာ သတိလစ်နေလို့ သူတို့နှစ်ကောင်ထမ်းပြီး ကျောင်းဆေးခန်းပို့လိုက်ရတာ

ခုတော့ သုံးယောက်သား အောင်သေအောက်သားစားနေကြတာလေ တဟားဟားနဲ့ရယ်လိုက် မိုးမခအမေထည့်ပေးလိုက်တဲ့ နေကြာစိတွေကို အခွံ့ပါဝါးစားပြီး ကျေနပ်နေတာ

​မုန့်စားကျောင်းတက်လို့ ဆရာမဝင်လာချိန်မှာတော့

"ဟိတ် အားလုံးတိတ်စမ်း
​ဆရာမကြီး ကြည့်ပါရှင့် "

ဆရာမက နောက်ကဝင်လာတဲ့ကျောင်းအုပ်ကို ပြောလိုက်ကာ
ကျောင်းအုပ်က အတန်းထဲကို မျက်လုံးဝေ့ကြည့်လိုက်တယ်

ပြီးတော့ ညာဘက်လက်ကြီးမြှောက်ပြီး "ဟိုတစ်ယောက် ခေါင်းမှာဆံပင်ကိုအုန်းပင်လိုစည်းထားတဲ့တစ်ယောက်ပဲ
ထွက်လာခဲ့"

ဘယ်သူထင်လဲ မိုးမခပေါ့

တစ်ကျောင်းလုံးမှာ ဆံပင်ကို ငယ်ထိပ်တည့်တည့်ကနေ ထောင်နေအောင်စည်းထားတာ ဒီတစ်ကောင်ပဲရှိတယ်

ခခွေးလဲဘာမသိညာမသိနဲ့ အတန်းရှေ့ထွက်သွားတယ်

"ပြောစမ်းပါဦး မိန်းကလေးတန်မယ့် သစ်ပင်ပေါ်တက်ပြီး သရဲခြောက်ရတယ်လို့ ညည်းပဲစဉ်းစားမိတယ်နော် "

ရှင် ဆ ဆရာမကြီးက ဘယ်လို ဘယ်လိုသိသွားတာလဲဟင်"

​!ဒေါက်!(ခေါင်းခေါက်လိုက်တဲ့အသံ)

ငမြွေထိုးလေး နင်တော်တော်မျောက်ကျပါလားဟင်

ပြီးတော့ ဘယ်သူမှမမြင်ဘူးလို့ထင်ပြီး တိတ်တိတ်လေးပြန်ဆင်းသွားတယ်ပေါ့

ကခဂWo Geschichten leben. Entdecke jetzt