Saung Hnin Wai

2.1K 12 1
                                    

ဆောင်းနှင်း​ဝေ   အပိုင်း(၁)

"ဒိန်း"
ရုတ်​တရက်​ မိုးချိန်းသံ​ကြောင့်​ လန့်​နိုးလာတယ်
ဘေးနားမှာ ကုတင်​​တွေကိုယ်​စီနဲ့ လူနာ​တွေ...
မိုး​တွေ သည်း​နေချိန်​ ​လေပြင်းတိုက်​သံ​တွေကြား...
အပြာ​ရောင်​ppe နှင့်​ maskထပ်​ထားတဲ့ မိန်းခ​လေးတ​ယောက်​ အ​ပြေးလှမ်းလာပီး ကျွန်​​တော့ နှဖူး​လေးကို လှမ်းကိုင်​ရင်းးး
"ကို ဘယ်​လို​နေ​သေးလဲ"
"ကျွန်​​တော်​ဘယ်​လိုမှ မ​နေဘူး အကုန်​​ကောင်းတယ်
ဒါနဲ့ ဘယ်​သူတုန်း"
"ရှင်​"
ရုတ်​တရက်​သူ​ကြောင်​သွားတယ်​ ဟုတ်​တယ်​ ကျွန်​​တော်​လဲ ​ကြောင်​သွားတယ်​။ ၅စက္ကန့်​​လောက်​ ငြိမ်​သက်​ခြင်းနှင့်​အတူ
"​ဘေးဖယ်​ ​ဘေးဖယ်​"
"ဟုတ်​ ဆရာ လုပ်​ပါအုံး"
"ဘယ်​လို​နေ​သေးလဲ မင်း​သေပီ​တောင်​ ထင်​တာကွာ သတိ​မေ့​နေတာ ၂ပတ်​​ကျော်​ပီ"
"ဗျာ"
"ကဲ ​ပြော မင်းနာမည်​ သိလား ​ဖြေကြည့်​စမ်း"
"ဗျာ"
ကြိုးစားပီး စဉ်းစား​ပေမဲ့ ​ခေါင်းထဲ​ပေါ်မလာခဲ့ဘူး
"ဟို​လေ ဟို"
"စိတ်​​အေး​အေးထား ညီ​လေး အခုဘယ်​​ရောက်​​နေလဲ​ရော သိလား"
"ဟုတ်​ဆရာ ​ဆေးရုံတခုခုပဲ"
"​အေး ဟုတ်​တယ်​ ဘယ်​​ဆေးရုံလဲ​ရောသိလား"
"မသိဘူးဆရာ"
ခက်​လှမ်း လှမ်းက ဆရာဝန်​တ​ယောက်​ကို လက်​ညှိးထိုးပြပီး
"သူ့ကိုသိလား"
"ကျွန်​​တော်​ ဘယ်​လိုလုပ်​သိမှာလဲ ဆရာရယ်​ သူကဆရာဝန်​​လေ"
ခေါင်း​လေးငြိမ့်​ပီး chart မှာ မှတ်​ချက်​​လေး​တွေ ​ရေး​နေရင်း
"စိတ်​​အေး​အေးထားပီး စဉ်းစား​လေ ​နောက်​ဆို တဖြည်းဖြည်းမှတ်​မိလာမှာပါ"
ခဏကြာ​တော့ ဟို လက်​ညိုးအထိုးခံရတဲ့ ဆရာဝန်​က ကျွန်​​တော့်​ဆီ​ရောက်​လာပီး
"ငါ့​ကောင်​ကြီး သတိရပီလား ကွ"
"ဟုတ်​ကဲ့ ဆရာ သတိရပါပီ"
"ဘာဆရာလဲ ငါကွ"
mask ကို ​အောက်​ဆွဲချပီး ပြုံးပြသွားတယ်
"ဗျာ"
"ရူးချင်​​ယောင်​​ဆောင်​မ​နေနဲ့ ​ကောင်​​လေး ဒါ မင်းအလုပ်​လုပ်​တဲ့ ​ဆေးရုံ​လေ အခု မင်း duty ငါဆင်း​ပေး​နေရတာ သိလား။ ဒီ​တော့ မြန်​မြန်​​မှတ်​မိ​အောင်​ကြိုးစား​နော်​... covid ​ခေါင်းထဲ​ရောက်​တာ​တော့ မဟုတ်​​လောက်​ပါဘူး​နော်​"
ပုခုံး​လေးကို ပုတ်​ရင်း လှည့်​ထွက်​သွားသည်
စော​စောက ​ကောင်​မ​လေးဘက်​ လှည့်​ပီး...
"ဟို​လေ ညီမ ကျွန်​​တော်​ ဘယ်​သူလဲ ဟင်​"
"ကို တကယ်​မသိတာလား"
"ဟုတ်​တယ်​ ​ပြောပြ​ပေးပါလား"
"ရှင့်​နာမည်​က ​ကျော်​စွာ။ ဒုတိယနှစ်​msc surgery တန်းတက်​​နေတာ"
"ဘယ်​လို ကျွန်​​တော်​က ဆရာဝန်​ ဟုတ်​လား"

ဆောင်းနှင်း​ဝေ Where stories live. Discover now