အပိုင်း ၆

517 8 1
                                    

ဆောင်းနှင်း​ဝေ  အပိုင်း (၆)

မျက်​နှာဖုံး​တွေရဲ့ ​နောက်​ကွယ်​က မျက်​နှာက ခန့်​မှန်းရအခက်​ဆုံးပဲ မဟုတ်​လား?
လောကမှာ ဒုက္ခအ​ပေးနိုင်​ဆုံးလူက
အနီးဆုံးမှာ ရှိတဲ့ လူ​တွေပဲ​လေ.....

ကျော်​စွာ ၂ပတ်​​လောက်​​ခေါင်းဒဏ်​ရာ​ကြောင့်​ ​ဆေးရုံမှာ ​သတိ​မေ့​နေခဲ့တယ်​။ ဝင်းနိုင်​ရဲ့ သတင်း​ပေးမှု​ကြောင့်​ သဲသစ္စာတ​ယောက်​ အရူးကွက်​နင်းပီး ​ကျော်​စွာကို ပြန်​ချဉ်းကပ်​ပါ​တော့​တယ်​။ ​ကျော်​စွာတ​ယောက်​သတိရလာ​တော့ အတိတ်​ကို မမှတ်​မိဘူးဖြစ်​​နေတယ်
"ဘယ်​လို ကျွန်​​တော်​က ဆရာဝန်​တ​ယောက်​ ဟုတ်​လား"
သဲသစ္စာကို လှမ်း​မေးလိုက်​တယ်
"ညီမနဲ့ က ဘာ​တော်​တာလဲ"
"ညီမတို့က လက်​ထပ်​​တော့မှာ​လေ"
ကျော်​စွာ စဉ်းစားရင်း​ခေါင်းကိုက်​လာတာနဲ့ ခဏပြန်​​မှေးအိပ်​​နေလိုက်​တယ်
သဲသစ္စာက​တော့ ​ကျော်​စွာ့​ဘေးမှာ လူနာရှင်​အ​နေနဲ့ ပြုစုတယ်​​ပေါ့​လေ ​ပေကပ်​​နေ​လေရဲ့
× × × × × × × × × × × × × ×

"လီးလို ကားတိုက်​ရတာလား မင်းတို့​တွေ လမ်း​တွေမှာ ဘာလုပ်​​နေကြလဲ"
ယဉ်​ထိန်းရဲမှူးကြီးကို ​ကောင်း​ကောင်းကြီးဆူ​နေတဲ့ ​ဆောင်းရဲ့အ​ဖေ
"​စောက်​သုံး​လေး​တောင်​ နဲနဲမကျဘူးလား"
"အဘ ရယ်​ စိတ်​​လျှော့ပါ ​တော်​လှန်း​ရေး ကာလမှတ်​လား"
"လီးလို ​တော်​လှန်​​ရေးကာလ ရမှာလား"
"အဘရယ်​ ကျွန်​​တော်​တို့လဲ"
"လူ့အသက်​ကွ လူ့အသက်​ သိလား"
လူ​တွေ ရာချီ​သေ​နေကြတဲ့ ​တော်​လှန်​​ရေး ကာလကြီးမှာ သမီးတ​ယောက်​ဆုံးရှုံးလိုက်​ရတဲ့ ဗိုလ်​ချုပ်​က​တော့ လူ့ အသက်​တ​ချောင်းရဲ့ တန်​ဖိုးကို အခုမှ ​ကောင်း​ကောင်းကြီး နားလည်​လာပါ​တော့တယ်
မျက်​ရည်​​တွေနဲ့ အငိုမတိတ်​ပဲ အခန်းပိတ်​ ဝမ်းနည်း​နေသူ​လေးက ​ဆောင်းရဲ့ တဦးထဲ​သော အမွှာ ညမ​လေး
သူ့နာမည်​က "နှင်း​ဝေ"
အမဖြစ်​သူရဲ့ လက်​ပတ်​​ရွှေ​ရောင်​​လေးကိုကိုင်​ပီး အခန်း​အောင်းငို​နေတာ ၂ပတ်​​လောက်​ရှိ​ရော​ပေါ့
ဆောင်းရယ်​ နှင်း​ဝေရယ်​က အမွှာ ညီအမ အရမ်းချစ်​ကြတာ ...
× × × × × × × × × × × × ×

"​ဟျောင်​ ​ကျော်​စွာ maskတပ်​ထား​လေကွာ"
တင်​​ထွန်း​အောင်​ ကလာ​ပြောတယ်​ သူကငယ်​သူငယ်​ချင်း same batch
"ဟုတ်​ကဲ့ပါ"
"မင်းကသာ အတိတ်​​မေ့​နေတာ ​အေးချမ်းတယ်​ကွာ အပြင်​မှာ ​လူ​တွေ​သေကြတယ်​ကွာ"
"​တော်​လှန်​​ရေး​ကြောင့်​လား ဆရာ"
"ခက်​​တော့တာပဲ ​ကျော်​စွာရာ covid third wave ​လေကွာ"
"​အော်​ ဟုတ်​ကဲ့"
"လူတိုင်းလိုလို ပိုးကူးမှာ​ကြောက်​​နေကြပီ မင်းကသာ​ဆေးရုံတက်​​နေလို့မသိတာ အပြင်​မှာ O2 ​တွေ ​ရွှေလိုရှား​နေပီ သူငယ်​ချင်းရာ"
"၁အိုး တခါဖြည့်​ ၈၀၀၀ ပါကွာ ငါ မှတ်​မိသ​လောက်​​တော့"
"ဘာ​တွေ​ပြော​နေတာလဲ ကွာ 40Lကို  အိုးအခွံက ၆သိန်း​လောက်​​ပေါက်​တယ်​ တခါဖြည့်​ ၁သိန်း​ပေါက်​တယ်​ကွ"
"ဘာ"
"​အေး ဘာမ​နေနဲ့ မှတ်​မိ​အောင်​ကြိုးစား"
ကျော်​စွာ တ​ယောက်​အပြင်​အ​ခြေအ​နေကိုကြားပီး ​သွေးတိုးသွားသည်
× × × × × × × × × × × × × × ×

နှင်း​ဝေ တ​ယောက်​ သူ့အမရဲ့ ဘီဒိုကိုဖွင့်​ပီး ရှာကြည့်​တာ့ ဒိုင်​ယာရီ​လေး တအုပ်​​တွေ့မိတယ်
"သူ့ကို စ​တွေ့တဲ့ ​နေ့​လေးတုန်းက​ပေါ့ child ward မှာ ပရဟိတ အလှူ​လေးသွားကူတုန်း....
က​လေး​တွေနဲ့ သူ​ဆော့ ကစား​နေတာ ဆရာဝန်​တဦးထက်​ပိုတဲ့ ​မေတ္တာ​တွေ ​တွေ့​နေရတယ်​"

နောက်​စာမျက်​နှာ​တွေမှာ​တော့ ....
"ကံဆိုတာ ဆန်းကြယ်​သားကွယ်​ ဒီ​နေ့ သူနဲ့ထပ်​ဆုံဖြစ်​တယ်​ ac(american centre) မှာ စာအုပ်​လာငှားတာ သူ့အပြုံး​တွေထဲမှာ အခါခါကျရှုံး"

"သူဖတ်​​နေကြ စာအုပ်​ list ​တွေက အစမ်း​တွေ စိတ်​ဝင်​စားဖို့​ကောင်းလိုက်​တဲ့ အကိုကြီး ဟိဟိ"

"အမှတ်​မထင်​ တိုက်​မိရင်း သူနုတ်​က sorry တဲ့လား ဘယ်​နား နာမှန်း​တောင်​ ​မေ့သွားမိတယ်​"

နှင်း​ဝေ တ​ယောက်​စာ​တွေ လိုက်​ဖတ်​​နေရင်း တဖြည်းဖြည်းနဲ့ မသိသင့်​တဲ့ အရာ​တွေပါ သိစပြုလာပါ​တော့တယ်
"သူ့ရဲ့ ကမ်းလှမ်းမှုကို လက်​ခံပါတယ်​ သခင်​အလိုကျ ကျွန်​ခံပါ့မယ်​ <3 1 feb 2018 <3 "

"ပထမဆုံး အ​တွေ့အကြုံက ရင်​ခုန်​ဖို့​ကောင်းလိုက်​တာ"

ဘာ​တွေလဲ မမရယ်​ ရူးများ​နေသလား
"ကြိမ်​ဒဏ်​​တွေကို ကြားရတာ ရင်​ခုန်​လိုက်​တာ"

"၆လွှာက အခန်း​လေးမှာ ဒူး​ထောက်​​နေမယ်​"
တခုခု​တော့ တခုခုပဲ နှင်း​ဝေ စုံစမ်းလိုစိတ်​အားကြီးလာခဲ့တယ်​........

အပိုင်း (၇) ဆက်​ရန်

You've reached the end of published parts.

⏰ Last updated: Jul 27, 2021 ⏰

Add this story to your Library to get notified about new parts!

ဆောင်းနှင်း​ဝေ Where stories live. Discover now