ဆောင်းနှင်းဝေ အပိုင်း (၅)
သူတော်ကောင်းတွေ ထောင်ထဲထည့်ပီး
လူယုတ်မာတွေပဲ အပြင်မှာကျန်မယ်ဆိုတာ
ပြဇာတ်ထဲက ဟာသတခု မဟုတ်မှန်း ကျော်စွာ
သေချာနားလည်ခဲ့ပါတော့တယ်....ထောင်ဆိုတော့လဲ ထောင်ပဲပေါ့ ဘယ်ပျော်စရာရှိမလဲ။ ဘဝ တူတွေ စုနေကြပီး ၅၀၅ တွေ အခြင်းခြင်းကူကြပေါ့။ အရာရှိတွေကတော့ စစ်ကြောရေးနဲ့ တခြားစီပါပဲ အားလုံးသဘောကောင်းကြပါတယ်။ တချို့ nld အမာခံကြီးတွေတောင် ရှိလို့ အကူအညီရခဲ့တယ်။ အဆိုးထဲက အကောင်းပဲ ပြောမလား ရောက်တဲ့နေ့မှာပဲ လူတယောက်က ရင်ကျပ်နေတာတွေ့လို့ သူရဲ့ဆေးဗူးထဲက ဆေးတွေရွေးပီးတိုက်ပေးမိတယ်။
အတော်လေး သက်သာလာတော့သူက ကျွန်တော့်ကိုပြောတယ်
"ကျေးဇူးတင်တယ် ကောင်လေးရာ အကို့နားလာနေလေ ဒီနေရာ လေဝင်လေထွက်ကောင်းတယ်"
"ဟုတ်အကို ဒါနဲ့ အကိုလဲ ၅၀၅ ပဲလား"
"မဟုတ်ဘူးငါက ၁၉ က သုံးလုံး. ၂၁ ရော. ၂၀ခ ရော အိုအစုံပဲ ဟားဟားဟား"
အော် ထောင်ထဲရောက်လို့ ရီနိုင်တာ သူတယောက်ပဲ ရှိသေးတယ်လို့ စိတ်ကဖြစ်မိတယ်
ရက်တွေကြာလာတော့ ညီအကိုလိုခင်လာတယ် သူက ဘိန်းရာဇာ အကြီးစား ပြောရရင် ဂိုဏ်းစတားပေါ့ကွာ လူသတ်မလား ရိုက်မလား အကုန်ရတယ်။
အဲလိုကြောက်စရာ ကျားတကောင်ဟာ ကျော်စွာနဲ့ကြ ချစ်စရာ အိမ်မွေးကြောင်လေးအလား ရီမောနေတာ မယုံနိုင်စရာပါ။ ထောင်ထဲမှာ အမတန်ခက်ခဲလှတဲ့ information အစုံကို သူ့ဆီက ရခဲ့တယ်။ အပြင်နဲ့ အဆက်အသွယ်ရခဲ့တယ်။ ကျွန်တော် သိချင်တဲ့ အကြောင်းအရာ ၂ခုရှိတယ်။ အဲဒီအကိုကပဲ အကုန်ကူညီပေးခဲ့ပါတယ်။ တစ်ခုက ဆောင်း အဆင်ပြေနေလား? နောက်တခုက ကျွန်တော့်ကို ထောင်ထဲပို့လိုက်တာ ဘယ်သူလဲ? ဆောင်းအဆင်ပြေကြောင်းလဲ သိရသလို ၊ သဲသစ္စာနဲ့ ဝင်းနိုင်ရဲ့ကောင်းမှူကြောင့် အခုလို ထောင်နန်းစံနေရတာကိုလဲ သိခဲ့ရပါတယ်။
x x x x x x x x x x x x x x x x
YOU ARE READING
ဆောင်းနှင်းဝေ
Short Storyabout bdsm , politic , love , romance , scary , friendship and bla bla bla