အပိုင်း ၃

658 6 0
                                    

ဆောင်းနှင်း​ဝေ   အပိုင်း(၃)

သူ​တော်​​ကောင်း​တိုင်းက ၁၀၀% မဖြူစင်​နိုင်​သလို
သူယုတ်​မာ​တွေလဲ ၁၀၀% မယုတ်​မာကြပါဘူး
အဆိုးထဲက အ​ကောင်း ရင်​ဘက်​ခြင်းတူရင်
အသွင်​မတူလဲ ​ပေါင်းနိုင်​ကြပါ​သေးတယ်

"​ကျော်​စွာ မင်း​ပြေး​တော့​အိမ်​ပြန်​ ​နောက်​ရက်​မှ ထွက်​​တော့"
"​နေအုံး ဝဏ္ဏငါ လူတ​ယောက်​ရှာရအုံးမယ်​"
"ဒါက လူရှာရမဲ့ အချိန်​မဟုတ်​ဘူး တ​ယောက်​လွှတ်​လဲ မနဲဘူး မြန်​မြန်​သွား"
ကျွန်​​တော့်​ကို ​ဝေးရာဆီ တွန်းထုတ်​လိုက်​တယ်
စောဝဏ္ဏဆိုတာ ​ကျောင်းတုန်းက အချစ်​ဆုံးသူငယ်​ချင်း စာညံ့လို့ ဘယ်​သူမှ မ​ပေါင်းချင်​ဘူး ကျွန်​​တော်​ကစာ​ခေါ်သင်​​ပေးရင်း အရမ်း​ပေါင်းဖြစ်​သွားကြတာ သူ ၁၀တန်းပီး​တော့ တပ်​ထဲဝင်​သွားလိုက်​တာ သူ့သတင်းမကြားရ​တော့ဘူး။ အခု​လောက်​ဆို ရာထူးအ​တော်​ကြီး​ရော​ပေါ့
တွေ့မဲ့​တွေ့​တော့လဲ အချိန်​​နေရာ လွဲ​နေ​ပါ​ရောလား သူငယ်​ချင်းရယ်​...
× × × × × × × × × × × × × ×

အိမ်​​ရောက်​တာနဲ့ ​ဆောင်းဆီအမြန်​​လေး ဖုန်းဆက်​​တော့ မကိုင်​ဘူး
အရမ်းစိတ်​ပူသွားမိတယ်​ ကြံရာမရတဲ့အဆုံး ကား​သော့ကို လှမ်းယူလိုက်​တုံး ဖုန်းပြန်​ဆက်​လာတယ်
"မင်းဘာလို့ ဖုန်းမကိုင်​တာလဲ" ​လေသံက မာသွားတယ်​ထင်​တယ်
"ဘာလို့လဲဟင်​ ​ရေချိုး​နေလို့ပါ ​မြောင်းထဲပြုတ်​ကျသွားလို့"
"ဘယ်​နားထိသွား​သေးလဲ"
"အခုက ​ဆောင်းကို ဆူ​နေတာလား စိတ်​ပူ​နေတာလား"
"စကားတက်​မ​နေနဲ့ ​ခွေးမ​လေး ဘယ်​နားနာသွားလဲ"
"​ဒေါက်​တာက ကု​ပေးမှာလား"
"တုတ်​နဲ့ရိုက်​မှာ"
"​ကြောက်​တယ်​​နော်​ ​ကြောက်​တယ်​​နော်​ ခစ်​ခစ်​"
ရီနိုင်​​သေးတယ်​ ​မြောင်းထဲကျထားတာ​တောင်
"​အေးပါ ဘာမှ မဖြစ်​ရင်​ ပီးတာပဲ ဒါပဲ"
"ဟုတ်​ကဲ့ပါ မာစတာ​ဒေါက်​တာ"
× × × × × × × × × × × × ×

သဲသစ္စာကို ဖုန်း​ခေါ်လိုက်​​တော့
"ကို သဲမအားဘူး Order ​ကောက်​​နေလို့"
"မင်းကွာ လူ​တွေ ဒုက္ခ​ရောက်​​နေကြတယ်​​လေ စီးပွားရှာ​နေတာ ​ကောင်းလား"
"ဟာ ကိုကလဲကွာ ​နောက်​ဆိုပိုက်​ဆံရှားလာမှာ ရတုန်းရှာရမယ်​​လေ"
"လူ​တွေ အသက်​​တွေနဲ့ ရင်းထားရတာ​လေ"
"​အော်​ အခုမှ​သေတာ ၂​ယောက်​ ၃​ယောက်​ပါကွာ မပူနဲ့ ကြာရင်​စစ်​တပ်​ပဲ နိုင်​သွားမှာ ကိုလဲ ကြိုးစားမ​နေနဲ့"
"မင်းကွာ မင်း ဘယ်​လို​တောင်​​ပြောလိုက်​တာလဲ"
စကားဆက်​​ပြောချင်​စိတ်​ကို မရှိတာနဲ့ ဖုန်းချပလိုက်​တယ်
× × × × × × × × × × × × × ×

ဆောင်းနှင်း​ဝေ Where stories live. Discover now