ဆောင်းရဲ့ မျက်ရည်ဝဲ နေတဲ့ မျက်ဝန်းတစုံက
သစ္စာတရားကို သိတက်ပီး
မေတ္တာတရားကို မက်မောနေခဲ့တယ်...
အံကိုကြိတ်ရင်း အကောင်းဆုံးလမ်းကိုရွေးဖို့
ကိုကျော်စွာ တယောက် အကြည့်ခြင်းမဆုံဖြစ်အောင် ကြိုးစား
သံယောဇဉ်ဆိုတဲ့ ကြိုးတချောင်းကို
ဖြတ်တောက်ဖို့ စကားအစပြိုးခဲ့ပါတယ်..."ဆောင်း မင်းအိမ်ပြန်ရမယ်"
"ကိုကြီးက ဘာဖြစ်နေတာလဲ ဆောင်းဒီမှာ နေသားကျနေပါပီ"
"အခြေအနေတွေက မတူတော့ဘူး ဆောင်းရယ် စစ်တပ်က အာဏာသိမ်းလိုက်ပီအခု ကိုယ်တို့အရင်လို မလွတ်လပ်တော့ဘူး နောက်ပီး"
"နောက်ပီး ဘာဖြစ်လဲ"
"မင်း အဖေက တပ်ကလေ ရာထူးကြီးတယ်မှတ်လား သူလဲ စိတ်ပူနေမှာပေါ့ မင်းမပြန်တာ ၂လလောက်ရှိပီလေ"
"ဆောင်းနေပါရစေ"
"မဆိုးနဲ့ကွာ ဒါအမိန့်ပဲ မနက်ဖြန် မင်းပြန်ရမယ်"
"၃နှစ်တာ သံယောဇဉ်က ဒါပဲလား အကိုရယ်"
"ငါတို့က အချစ်မပါဘူးလေကွာ နောက်ပီး မင်္ဂလာဆောင်ဖို့လဲ မြန်မြန်စီစဉ်လိမ့်မယ်ထင်တယ်"
"မမသစ္စာက ပြောလို့လား သူ့ယူရမယ်လို့"
"အဲလိုတော့လဲ မဟုတ်ဘူးပေါ့ကွာ"သက်ပျင်းအရှည်ကြီးနဲ့ အတူ ကျွန်တော် ကြမ်းပေါ်မှာပဲ ထိုင်ချလိုက်တယ်
"ဒီညတော့ သခင့်ခြေရင်းမှာ အိပ်ပါရစေ"
"ကောင်းဘီလေ"
ခြေထောက်က ခတ်ထားတဲ့ သံကြိုးလေးကို ဖြုတ်ပီး လည်ပင်းမှာ ပြောင်းခတ်လိုက်တယ်
ဆောင်းရဲ့ ဒဏ်ရာတွေနဲ့ ကြောပြင်လေးကို ကြည့်ရင်း ကျွန်တော် သနားလဲ သနားတယ် ဒုက္ခလဲမရောက်စေချင်လို့ လုပ်သင့်တာတော့ လုပ်ရမယ်လို့ အားတင်းထားလိုက်ရတယ်...
× × × × × × × × × × × × × ×မနက်စာ ကော်ဖီ ခေါက်ဆွဲပြုတ် လုပ်ပေးပီး ကျွန်တော့် ခြေထောက်လေးကို လျှာလေးနဲ့လျှက်ရင်း နိုးလိုက်တယ်
"သခင် စားဖို့ အသင့်ဖြစ်ပါပီ"
"ဆောင်း မင်းအဝတ်တွေ ဝတ်တော့လေ"
"စည်းကမ်းနံပတ် ၄ ကျွန်တယောက်က အဝတ်ဝတ်ခွင့်မရှိပါဘူး"
စားနေတဲ့ ဇွန်းကို ဘာလို့လဲ မသိ လွှင့်ပစ်လိုက်မိပီး
"မင်းကိုငါ စွန့်လွှတ်လိုက်ပီ မင်းနောက်နေ့ကစပီး ငါ့ဆီမလာနဲ့တော့"
မျက်ရည်စတွေနဲ့ ကျွန်တော့်ကို ကြည့်ရင်း
"ဆောင်း နေပါရစေ ဆောင်းကျေနပ်လို့ပါ ဒုက္ခမပေးပါဘူး"
ပါးစပ်ထဲမှ လေတွေကို အားကုန် မှုတ်ထုတ်လိုက်ပီး
"ဟူးးးး
မင်း ကလေးလားကွာ အခုက ခေတ်ပျက်တော့မှာ မင်းအိမ်ပြန်လိုက်ပါလား မိဘတွေစိတ်ပူနေမယ် မင်းညီမလေးကိုချစ်တယ်ဆို သူလဲ စိတ်ပူနေမယ်"
"သခင်ကရော"
"ငါနေတက်ပါတယ်ကွာ မပူစမ်းပါနဲ့ ငါပြောထားတယ်လေ ငါတို့က Master Slave relation ပဲထားရမယ် အချစ်မပါရဘူးဆိုတာ"
"ဟုတ်ကဲ့ စည်းကမ်းနံပတ် ၇ မှာပါပါတယ်"
"သိရဲ့သားနဲ့ မရစ်နဲ့တော့ အဝတ်ဝတ်တော့"
ဘာမှ မပြောပဲ ခေါင်းငုံပြီး ပေကပ်ကပ်လုပ်နေတာနဲ့
"စည်းကမ်းနံပတ် ၂ကဘာလဲ ဆောင်း"
"ခိုင်းရင် လုပ်ရပါမယ်"
ငိုမဲ့မဲ့နဲ့ အဝတ်တွေယူပီး ဝတ်နေလေရဲ့
ကျွန်တော်လဲ သူ့လက်လေးကိုင်ပီး နှဖူးလေးကို နမ်းရင်း
"ဒီနှစ်တွေမှာ ငါ့အနားမှာ ရှိနေပေးလို့ ကျေးဇူးပါကွာ"
သူမပြောမဆို ဖက်ပီးငိုတော့တာပဲ
"အဝေးကြီးကို သွားတော့မှာလား"
"မဟုတ် မဟုတ်ပါဘူးကွာ ငါပြောမယ် အားလုံးကောင်းဖို့ စီစဉ်တာ လက်ခံ ဟုတ်ပီလား"
"ဟုတ်ကဲ့"
"အဲဒါတွေကြောင့် ငါ့အကြောင်းကို မင်းကိုမသိစေချင်တာ"
"ဆောင်းက မမသစ္စာနဲ့ ယူမှာကို နှောက်ယှက်နေလို့လား"
"မဟုတ်ပါဘူးကွာ လာ သွားကြရအောင်"
အိမ်တံခါးကို သော့ခတ်ရင်းထွက်လာခဲ့တယ်
ဆောင်းနဲ့ ကျွန်တော့်ရဲ့ အမှတ်တရတွေ အများကြီးနဲ့ အခန်းလေးက တိုးတိတ်စွာ ကျန်ရစ်ခဲ့ပါတော့တယ်
× × × × × × × × × × × × ×
YOU ARE READING
ဆောင်းနှင်းဝေ
Short Storyabout bdsm , politic , love , romance , scary , friendship and bla bla bla