မနက်ဖြန် အကိုနဲ့အတူ ဒိတ် ။ တက်ကြွပြီး ရင်ခုန်နေ
တဲ့ကောင်လေးက ဂျင်ဝူးဆီကို ဖုန်းဆက်ပြီး အသည်း
အသန်ကြွားသည် ။ နောက်ဆုံးတော့ အငြင်းမခံရ
ကြောင်း အပီအပြင်ကြွားဖို့ တက်ကြွနေလေသည် ။
မနက်ဖြန် ဒိတ်အတွက် အင်္ကျီကောင်းကောင်းလေး
ရွေးထားပြီး ဘယ်နေရာကိုသွားသင့်လဲ ကြိုးစားပမ်း
စား ရှာဖွေထားသည် ။ အကို့အတွက် ချိုချဉ်အိတ်
လေးလဲ ပြင်ဆင်ထားပြီး ရင်ခုန်ကောင်းနေတော့၏။
စိတ်လှုပ်ရှားဖို့ကောင်းတဲ့ မနက်ဖြန်ကြောင့် သူ လုံးဝ
ကို အိပ်မပျော်နိုင်ဘူး ဖြစ်နေတယ် ။ အကိုကရော
ဘယ်လို နေလိမ့်မလဲ မသိပေမဲ့ ကျွန်တော့်လိုပဲ
အကိုလဲ စိတ်လှုပ်ရှားနေရင် ကောင်းမည် ။" ဂျင်ဝူး ငါ ငါအိပ်မပျော်ဘူး ရင်တွေခုန်နေတာ
သေတော့မယ် ဘယ်လိုလုပ်ရမလဲ မနက်ကျရင်
မျက်တွင်းကြီးသာကျနေရင်တော့ သွားပြီပဲ "" ရည်းစားမထားဖူးမှန်း သိသာတယ် "
" ဟေ့ကောင် မင်းကရောထားဖူးလို့လား "
" မထင်ဖူးပေမဲ့ပေါ့ ငါကမင်းလောက်ဆိုးမယ်မထင်"
ဂျင်ဝူးနဲ့ ဖုန်းပြောဖြစ်မှပဲ စိတ်လှုပ်ရှားနေတဲ့အစား
အော်ရဟစ်ရ ဒေါသလေးတွေ စီရီပြီးထွက်လာသည်။
ပတ်ဂျင်ဝူးကတော့ သူ့ကို ဖဲ့ကောင်းတိုင်း စကားလုံး
တွေနဲ့ အထိနာအောင်ဖဲ့ပြီး အော်ရယ်ခဲ့တော့သည် ။" အိပ်စမ်းပါကွာ ဒီအချိန်ဆို အကိုဆယ်ဟွန်းတောင်
အိပ်မက်ထဲမှာ နတ်သမီးလေးတဖက်ငါးရာနဲ့ ပျော်ပါး
နေလောက်ပြီ "" ချီးမို့ နတ်သမီးငါးရာ ငါ့ကို အိပ်မက်ထဲမှာတွေ့နေမှာ မင်းပါးစပ်ပေါက်ကြီး တခုခုနဲ့ပစ်ထားလိုက်တော့"
နောက်ဆုံးတော့ စိတ်ဆိုးသွားပြီး ဖုန်းချသွားတဲ့ သူ
ကြောင့် ဂျင်ဝူးတစ်ယောက် နားဒုက္ခလေး ကင်းငြိမ်း
သွားရှာသည် ။ နားတွေလဲ ထူပူလို့ အငွေ့တောင် ပျံ
ချင်သလို ၊ အဆဲခံရလွန်းလို့ မီးကျွမ်းချင်နေရသည်။" လဒကောင် နတ်သမီးငါးရာကမင်းနဲ့ပဲပျော်နေလိုက်
ရာရာစစ ငါ့အကိုကိုထိရဲတယ် ခွေးကောင် "
YOU ARE READING
March Of Petals: Sweet Summer Memories
Fanfictionနွေရာသီမှာ အချစ် နဲ့ တွေ့ခွင့်ရလိမ့်မယ်တဲ့ 🍁🌻