အပြာရောင် ကောင်းကင်နှင့် ဖြူဖြူဖွေးဖွေး ကျယ်ပြန့်
တဲ့ ပင်လယ်ပြင်က အကိုတို့ဆိုင် အပေါ်ထပ်ကနေ
အပေါ်စီး မြင်ကွင်းသည် ပန်းချီကားတချပ်လို ကြည့်
မဝနိုင်အောင်ပင် ဖြစ်သည် ။ လေတဖြူးဖြူးနှင့် နေရ
ထိုင်ရလဲကောင်းပြီး နွေနေပူနွေးနွေးသည် အခက်
တွေ့စရာ အပူချိန် မဟုတ်တော့ဘူး ။ အကို့ရှိရာဆီ
တွေ့ချင်စိတ်ကြောင့် ဂျင်ဝူးကို သွားခေါ်ထုတ်ပြီး
ဂျင်ဝူးရဲ့ကားနှင့် ချက်ချင်း ထလာခဲ့ချိန်က ၃ နာရီ
ပင် ထိုးတော့မည် ။ ဘတ်စ်နှင့်မဟုတ်တာကြောင့် ၊
ဂျင်ဝူး၏ မောင်းနှုန်းကြောင့် နာရီဝက် ကျော်ကျော်
သာ ကြာလိုက်သည် ။" အကို ခဏဗျ ကျွန်တော့် ခွက် တခွက်လောက်ရ
နိုင်မလား "ဂျင်ဝူးက စားဖို့သောက်ဖို့ကိစ္စနှင့် ဟိုမှာ ဒီမှာ လုပ်ပြီး
အလုပ်ရှုပ်နေတာကို မင်ဆော့က မျက်စိနှောက်လာ
တာမို့ အဝေးက ပင်လယ်ပြင်ဘက်ကို လှမ်းကြည့်နေ
လိုက်တော့သည် ။ သင်္ဘောတွေကြောင့် လှုပ်ခတ်
နေတဲ့ ရေလှိုင်းတွေပေါ် နေရောင်ကဖြာကျနေတာ
ကြောင့် အရောင်တလက်လက်နှင့် ပင်လယ်ပြင်ဟာ
မျက်စိကျိန်းလောက်အောင် တောက်ပနေလေသည်။" အကိုက ဒီဆိုင်ပိုင်ရှင်မလား အကိုဆယ်ဟွန်းရဲ့
အကိုဝမ်းကွဲ နာမည်က ယူဂျွန်ဟော့ "" တော်တော်များများသိထားတာပဲ ဆယ်ဟွန်းနဲ့
အသိတွေလား "ဂျင်ဝူးက သူ့ကို ဖန်ခွက်တလုံး လာချပေးတဲ့ အကိုနှင့်
စကား ပြောလိုက်တော့ ဆယ်ဟွန်း အမည်နာမ
ကြောင့် မင်ဆော့က စကားဝိုင်းထဲ စိတ်ဝင်စားလာ
သည် ။ဂျင်ဝူး၏ အာချောင်တတ်မှုက ဒီနေရာမှာတော့
တော်တော်လေး အသုံးဝင်သွားသည်လို့ ပြောရမည်။
သဘောကောင်းတဲ့ အဲ့ဒီအကိုနှင့် သူတို့နှစ်ယောက်
စကားပြောဖြစ်သွားပြီး နည်းနည်းပါးပါး ရင်းနှီးသွား
ကြတော့သည် ။အကိုဂျွန်ဟော့နဲ့ စကားပြောဖို့ အပြင်ထွက်လာတဲ့
ဆယ်ဟွန်းက အကိုဂျွန်ဟော့ကို မတွေ့တာကြောင့်
ဝန်ထမ်း ကောင်လေးတွေကို သွားမေးဖို့ လုပ်သည် ။
အခုချိန်မှာ လူပါးနေတာကြောင့်ဝန်ထမ်းကောင်လေး
တွေက စုရုံးစုရုံး စကားပြောကြသည် ။ အခုချိန်ထိ
လူပါးနေပေမဲ့ အပူချိန်လျော့ပြီး နေအေးလာရင် စား
သုံးသူတွေ ရောက်လာကြလိမ့်မည် ။
YOU ARE READING
March Of Petals: Sweet Summer Memories
Fiksi Penggemarနွေရာသီမှာ အချစ် နဲ့ တွေ့ခွင့်ရလိမ့်မယ်တဲ့ 🍁🌻