ည၁၂ နာရီထိုးအပြီး ၁၀မိနစ် ။ အခန်းမီးပိတ်
ဖုန်းသုံးနေရင်း အမှတ်မထင် မျက်လုံးက ဖုန်းမျက်
နှာပြင် ထိပ်ဆုံးက ရက်စွဲကို ကြည့်မိတော့ မတ်လ
၁ ရက် ဆိုတာကို မြင်လိုက်ရသည် ။ ဖေဖော်ဝါရီလ
က ဒီည ၁၂ နာရီအတိမှာ ကုန်ဆုံးသွားပြီးနောက်
မတ်လထဲသို့ ကူးပြောင်း ဝင်ရောက်လာတော့သည်။
Facebook သုံးနေရင်း Newfeed မှာ တက်
လာသမျှကို တဖြေးဖြေး ကြည့်သွားရင်း တွေ့လိုက်ရ
တဲ့ Post တခုက လူကို ဆွဲဆောင်သွားတော့၏ ။မတ်လ ၁ ရက် နေ့မှ ၇ ရက်နေ့အထိ တစ်ပါတ်တာ
တားရော့မေးနိုင်ပါပြီ ။မေးထားသော Link ထဲ ဝင်ရောက်ပြီး မေးမြန်းနိုင်
ပါသည် တဲ့ ။မတ်လ၏ အစ ကိုယ့်ကံဇာတာကို ကိုယ် သိချင်စိတ်
ကြောင့် လက်က အလိုလို Link ထဲ ဝင်မိသွားခဲ့
တော့သည် ။ Link ထဲ ဝင်သွားတာနှင့် နောက်ထပ်
စာတကြောင်းက ကိုယ့်အား အသင့်ကြိုဆိုနေလေ၏။စိတ်တည်ငြိမ်မှုရစေရန် အရင်ဆုံး အသက်ကို သုံးကြိမ်တိတိ ရှူသွင်းပါ ။ စိတ်တည်ငြိမ်မှု ရရှိပါက အောက်ပါ ပေးထားတဲ့ တားရော့ကဒ်များမှ နှစ်သက်ရာ
ကဒ်ကို လက်ညိုးနှင့်ဖိပါ တဲ့ ။ပြောထားတဲ့အတိုင်း အသက်ရှူသွင်းပြီးမှ စက်ဝိုင်း
ပုံသဏ္ဍာန်စီထားတဲ့ တားရော့ကဒ်တွေထဲမှာမှ စိတ်
ထဲ နှစ်သက်ရာ ကဒ်တကဒ်ကို လက်ညိုးနဲ့ဖိလိုက်
တော့ ရွေးချယ်လိုက်တဲ့ တားရော့ကဒ်နှင့် ရေးထား
တဲ့ စာသားတွေ တော်တော်များများက ပေါ်လာတော့
သည် ။ အများအားဖြင့် မဆိုးလှ ၊ မကောင်းလှတဲ့
ကံဇာတာက ကိုယ့်ကို ကြိုဆိုနေတော့သည် ။ နောက်
ဆုံး စာကြောင်းရောက်တော့ ခပ်ဟဟ ရယ်သွမ်းပစ်
လိုက်မိတော့လေသည် ။ဒီလ ဟာ သင့်အတွက် အချစ် က စောင့်ကြိုနေလိမ့်
မည် တဲ့ ။ပထမနှစ်ကျောင်းသား ရည်းစားမရှိတဲ့ ကျွန်တော့်အ
တွက် တကယ့်ကို ရင်ခုန် စိတ်လှုပ်ရှားစရာကောင်းတဲ့ စာတကြောင်းပင် ။ အပြုံးတွေက ပေါ်ပေါက်လာ
ပြီး မြန်မြန်ဆန်ဆန်ပဲ ပြန် Share လိုက်တယ် ။
YOU ARE READING
March Of Petals: Sweet Summer Memories
Fanfictionနွေရာသီမှာ အချစ် နဲ့ တွေ့ခွင့်ရလိမ့်မယ်တဲ့ 🍁🌻