March Of Petals: Sweet Summer Memories || Chapter - Four ||

797 214 14
                                    

မတ်လဟာ  စာမေးပွဲတွေပြီးသွားသည့်နောက် တက္က
သိုလ်ကျောင်းကြီး ပိတ်ခြင်းနှင့်အတူ  ကုန်ဆုံးသွားခဲ့
တော့သည်  ။ ပူနွေးနွေး နွေရာသီ၏ နေရောင်တွေက
ထွက်ပေါ်လာခဲ့တဲ့နောက်  ကျွန်တော်က အခန်းတွင်း
အောင်းပြီး  အိပ်နေတဲ့ ငပျင်းကလေး ဖြစ်သွားတယ်၊
စာမေးပွဲတွေအပြီး  ကျောင်းပိတ်ထားတဲ့အချိန်ကာလ
မှာ  အတိုးချအိပ်စက်ခြင်းတွေနှင့်အတူ ပျော်ပိုက်နေ
တော့သည်  ။  ဖုန်းသုံးပြီး  အကို့အကြောင်းတွေ တ
စေ့တစောင်း  စုံစမ်းရင်း  အိမ်တွင်းပုန်းကောင်း နေ
တော့သည် ။  ကျောင်းဖွင့်တဲ့အချိန်ကာလအတွင်း
ပိတ်ရက်မှသာ ဆိုင်သွားတတ်တဲ့ အကိုက အခု ပိတ်
ရက်အတွင်း  ဘာများလုပ်နေပါလိမ့် ။

ကြားမိတဲ့သတင်းအရ အကိုက စနေတနင်္ဂနွေ ပိတ်
ရက် မဟုတ်တော့ဘဲ ကြားရက်တွေမှာ ဆိုင်ကိုသွား
ပါသည်တဲ့။အကို တင်ထားတဲ့ Summer Time
ဆိုတဲ့ Caption လေးနှင့်အတူ တင်ထားသည်က
အကိုတို့ဆိုင် အပေါ်စီးကနေ ရိုက်ယူထားတဲ့ မနီးမ
ဝေးက ပင်လယ်ပြင်ကျယ်ကျယ်ပင် ။ ညနေ အချိန်
လောက်မို့ နီစွေးစွေး တိမ်တွေအောက်က ပင်လယ်
ပြင်ဟာလဲ  နီစွေးစွေး အရောင်သမ်းနေလေသည် ။
သိပ်လှတဲ့  ပင်လယ်နှင့် နွေရာသီပင် ။ နောက်နေ့
တော့ ကျွန်တော့်အား နှစ်ခါတိတိ ငြင်းထားတဲ့
အက်ို့ဆီ  အလွမ်းပြေအောင် သွားတွေ့ပါဦးမည် ။

"  သုံးခါမြောက် အငြင်းခံရရင်တော့  စိတ်မကောင်း
ဖြစ်မိမယ်ထင်တယ်  အကို  "

တီးတိုးလေး  ညည်းညူရင်း  အကို့အကောင့်ထဲက
ထွက်လာခဲ့လိုက်သည် ။ ကျောင်းပိတ်ထားပြီး မတွေ့
ရတဲ့  တပါတ်အတွင်း ကျွန်တော် သိပ်လွမ်းနေပါ
ကြောင်း  ပြောပြရင်ကော အကို ပြုံးနေဦးမလား ။
အပြုံးတွေကိုလဲ  သိပ်လွမ်းမိပါကြောင်းပေါ့ အကိုရာ။
စိတ်ရှိတိုင်းသာ  လုပ်ခွင့်ရှိရင်ပေါ့ မက်မောမိတဲ့ အကို့ အပြုံးတွေကို  တယောက်ထဲသာ ပိုင်ဆိုင်ရဖို့
လောဘကြီးပြီး  တောင်းဆိုမိဦးမယ်ထင်သည် ။အကို့ကိုသာ  ကွယ်ဝှက်ပြီး ဖွက်ထားခွင့် ရရင်လဲ
ဘယ်လောက်များ  ကောင်းလိုက်လေမလဲ ။ အကို့က
စတင်ဝင်ရောက်လာတဲ့  နွေဦးရာသီနှင့်အတူ ကျွန်
တော့်ဆီ  တည့်တည့်မတ်မတ် ရောက်လာခဲ့တာပဲ ။

March Of Petals:  Sweet Summer MemoriesWhere stories live. Discover now