အနောက်ဘက် မီးဖိုခန်းထဲက ထွက်လာတဲ့ ဆယ်
ဟွန်းက စားသုံးသူတစ်ယောက်က လှမ်းနူတ်ဆက်
တာမို့ ပြုံးမိလိုက်ပြီးနောက် ဝရံတာဘက်က ဝိုင်း
တွေဆီ အကြည့်ပ်ို့လိုက်သည် ။ ဆိုင်ကို နေ့တိုင်းနီး
ပါး လာနေကျဖြစ်တဲ့ စားသုံးသူလေးက မတ်တပ်ထ
ရပ်နေပြီး အကြည့်ချင်းဆုံကြပြီးနောက် ထွက်သွား
တာကို တွေ့လိုက်ရသည် ။ အနောက်ကနေ အပြေး
လိုက်သွားတဲ့ သူငယ်ချင်းကောင်လေးကိုလဲ တွေ့
လိုက်ရသည် ။ အဲ့ဒီဝိုင်းမှာပဲ ထိုင်ပြီး ကျန်ရစ်ခဲ့သူ
က ဆောင်းအာဖြစ်နေတာမို့ ဆယ်ဟွန်း မျက်မှောင်
တွေ ကြုတ်မိသွားတော့သည် ။" အမဆောင်းအာက ချိုချဉ်အိတ်လေး တောင်းသွား
လို့ ပေးလိုက်ရတယ် အကိုဆယ်ဟွန်း "ဂျွန်လေးရဲ့ စကားကြားပြီးပြီးချင်း ဘာကြောင့် ဟို
ကောင်လေး ထွက်သွားရသလဲဆိုတာ ဆယ်ဟွန်း
နားလည်လိုက်၏ ။ ဆောင်းအာ ပြုံးပြုံးလေးနဲ့ပဲ သူ့
ကို လက်လှမ်းပြပြီး နူတ်ဆက်နေသည် ။ ဆယ်
ဟွန်း ဆောင်းအာဆီ တည့်တည့်မတ်မတ် ဦးတည်
သွားတော့ ဆောင်းအာက ပြုံးနေသည် ။ သူမက
လက်ထဲက ချိုချဉ်အိတ်လေးကို သူမ၏ အိတ်လေး
ထဲ ထည့်ပစ်လိုက်သည် ။ ဆယ်ဟွန်းက ဆောင်းအာ
၏ ဘေးမှာ မတ်တပ်ရပ်လိုက်၏ ။" ငါ့ကြောင့် ထွက်လာတာလား "
ဆောင်းအာက နဖူးပြင်ပေါ် ဝဲကျနေတဲ့ ဆံပင်ကို
လက်နဲ့သပ်ကာ နားရွက်နောက်ကို ညှပ်လိုက်ကာ
လှလှပပလေး ငေးစရာကောင်းအောင် ပြုံးသည် ။" ချိုချဉ်အိတ်လေးပေး "
ဆောင်းအာရဲ့ မျက်နှာပေါ်က အပြုံးလှလှလေးက
မြန်မြန်ဆန်ဆန်ပဲ ပျောက်ကွယ်သွားတော့သည် ။
ပုံမှန်မဟုတ်တဲ့ တည်နေတဲ့ ဆယ်ဟွန်း မျက်နှာ
ကြောင့် သူမက ချက်ချင်းပဲ အိတ်ထဲက ချိုချဉ်အိတ်
လေးကို နှိုက်ပေးလ်ိုက်သည် ။ ဆယ်ဟွန်း လက်ထဲ
ကို ပြန်ထည့်ပေးပြီးနောက် ဆယ်ဟွန်းက ချက်ချင်း
ပဲ နောက်လှည့်ထွက်သွားဖို့ လုပ်သည် ။" ဆောင်းအာ ဝင်ရှုပ်တာမျိုး ငါ မကြိုက်ဘူး "
တဖြေးဖြေး ဝေးကွာသွားတဲ့ကျောပြင်ကျယ်ကို မျက်
တောင် မခတ်စတမ်း ကြည့်နေခဲ့တဲ့ ဆောင်းအာက
ထိုနေရာမှာပဲ ကျန်ရစ်နေခဲ့သည် ။
YOU ARE READING
March Of Petals: Sweet Summer Memories
Fanfictionနွေရာသီမှာ အချစ် နဲ့ တွေ့ခွင့်ရလိမ့်မယ်တဲ့ 🍁🌻