*တီ*
*Yonsei university scholarship.. *"Yes နောက်ဆုံးတော့ ငါ့အိမ်မက်တွေတဂယ်ဖြစ်လာပီ"
*ကျွန်မနာမည်က May Yoonah ကျွန်မရဲ့အိမ်မက်က koreaမှာကျောင်းတက်နိုင်ဖို့ မိဘတွေက သာမာန်လူတန်းစားမို့ scholarshipရအောင်ကြိုးစားရတာပေါ့ နောက်ဆုံးတော့အိမ်မက်တွေလက်တွေ့ဖြစ်လာပီ*
________"စိတ်မချပါဘူးအေ ငါတို့မှာသမီးဆိုလို့ညည်းတစ်ယောက်ပဲရှိတာ"
ထင်တဲ့တိုင်းပါပဲ မေမေက စိတ်မချဘူးဆိုပီးမသွားစေချင်မှာ ဘာပဲဖစ်ဖစ်ရဖို့မနည်းကြိုးစားထားရပီးမှလက်လွှတ်ဆုံးရှုံးမခံနိုင်ဘူး
"ဟာမေမေကလဲ တွေးပီးစိတ်ပူမနေစမး်ပါနဲ့"
"ညည်းလွယ်လွယ်မပြောနဲ့ ခုသွားရမှာ နိုင်ငံခြား အိမ်နောက်ဖေးမဟုတ်ဘူး"
" သမီးက ငအမှမဟုတ်တာ ကိုရီးယားစကားလဲတတ်ထားတယ်လေ ပီးတော့ scholarship ကြီးတောင်ရပီးမှလက်လျော့ရမာလားမေမေရယ်"
"အေးလေ မိန်းမရယ် သမီးက ကိုတို့ထင်ထားတာထက်တော်ပါတယ်ကွာ"
တော်သေးတာပေါ့ ဖေဖေဝင်ပြောလို့
"ထင်သလောက်မလွယ်ဘူး ကျွန်မတို့က ထောက်ပံ့နိုင်တာလဲမဟုတ်ဘူးလေ"
"မေမေကလဲ သမီးဟိုကျရင် အချိန်ပိုင်းအလုပ်လုပ်မှာပေါ့ အိမ်ကိုတောင်ပြန်ထောက်ပံ့နိုင်သေးတယ်"
"အေးပါအေ"
"အ့ကြောင့် မေမေ့ကိုချစ်တာ ဟီး.."
"အကဲပိုမ"
________
နောက်ဆုံးတော့ အကို့ဆီရောက်အောင်လာနိုင်တော့မယ်အကို ..အကိုရှိတဲ့မြေ အကို့ရဲ့ ကိုယ်သင်းနံ့လေး ပါဝင်နေတဲ့လေထုလေးကို ညီမရှူရှိုက်ချင်တယ်အကို
အကို့ကို မတွေ့နိုင်ရင်တောင်မှပေါ့.."ဟိုရောက်ရင် ဖုန်းဆက်အုံးနော်"
"အင်းပါမေမေရယ် စိတ်ချပါ"
တစ်ညလုံးကော လေယာဥ်ကွင်းလာတဲ့လမ်းမှာကော မှာလိူ့မပီးတာမေမေရယ်ပါ
"ကဲသွားတော့ သမီး လေယာဥ်ကထွက်ခါနီးပီ"
"ဟုတ်ဖေဖေ ဂရုစိုက်အုံးနော်မေမေနဲ့လဲရန်ဖစ်မနေနဲ့အုံး"