ပထမဆုံးကျောင်းတက်ရမယ့်နေ့ ရင်ခုန်တယ်ဆိုတာထက်စိတ်လှုပ်ရှားနေမိတယ် ကျောင်းဝတ်စုံဆိုတော့ စကပ်တိုနဲ့ ကုတ်ရယ် အတိုတွေအပြင်မာဝတ်လေ့မရှိတဲ့ကိုနဲ့တော့ပြသနာပဲ တင်ဖျားထိပ်လောက်ရှိတဲ့ဆံပင်တွေကိုတော့ အလိပ်ကောက်ထားတဲ့အတိုင်းနောက်မာသေသေသပ်သပ်ချထားလိုက်တယ်
ရောက်ကတည်းက အိပ်မပျော်တော့ ညိုနေတဲ့မျက်ကွင်းတွေကိုမိတ်ကပ်ပါးပါးနဲ့ဖုံးခဲ့ရသေးတယ်
ဟိုအမတော်က မီးမှမပိတ်တာ ပီးတော့အိမ်ကိုလဲလွမ်းတယ် တဂယ်အမေပြောသလိုမလွယ်ပါလားအခန်းနံပါတ်<A1-3>
အခန်းရှေ့မာရပ်ပီးတွေးနေမိတာနဲ့ကြာတောင်သွားပီ
ကိုယ့်ဘာကိုပဲ အာပေးရင်း."Okay ငါလုပ်နိုင်ပါတယ်"
အခန်ထဲဝင်တော့တစ်ခန်းလုံးနီးပါး ကိုရီးယားလူမျိုးတွေကြည့်ပဲ ဟိုးဘက်ထောင့်ခုံမှာတစ်ယောက်ထဲထိုင်နေတဲ့ကောင်မလေးနားပဲ ဝင်ထိုင်မိတယ် လွတ်တာလဲအဲ့နေရာပဲရှိတာကို ပီးတော့ သူတို့အဖွဲ့နဲ့သူတို့ ပွဲကျနေတာ
"အညော် ငါဒီနားမှာထိုင်လို့ရတယ်မလား"
"အော် အင်း ရပါတယ်"
ကောင်မလေးကြည့်ရတာ စကားနည်းပုံပဲ ငါနဲ့အဆင်ပြေတယ်. ကိုယ်တိုင်လဲတဂယ် အေးသူမို့ ဘာမှဆက်မပြောပဲထိုင်နေမိလိုက်တယ်
"နင်က ခုမှပြောင်းလာတာလား"
"အင်း ဟုတ်တယ် ငါက မြန်မာလူမျိုး"
"ငါက ဂျပန်လူမျိုး နင်လဲ scholarship နဲ့ပဲမလား"
"အင်း"
"ဒီအခန်းထဲမာ လူမျိုးခြားဆိုလို့ငါတို့၂ယောက်ပဲရှိတယ် အကုန်လုံးက သူဌေးသားသမီးတွေကြည့်ပဲ နင်scholarshipရတယ် ဆိုတာ မပြောမိစေနဲ့"
"အာ အင်းပါ ဒါနဲ့ နင့်နာမည်က"
"ငါ့နာမည်က Nora ကိုးရီးယားကပြားဆိုလဲဟုတ်တယ်"
"အော် ငါ့နာမည်ကMay Yoonah"
သူနဲ့စကားတွေပြောဖစ်ရင်းက သူက သူငယ်ချင်းရယ်လို့မရှိပေမယ့် အတန်းထဲကလူတွေအကြောင်းကိုတော်တော်သ်ိပုံပဲ ပီးတော့ ထင်သလောက် မာနမကြီးတာကြောင့် ကျွန်မနဲ့ အဆင်ပြေတယ် ခုဆိုသူငယ်ချင်းတောင်ဖစ်သွားပီ သူက တဂယ်ချစ်စရာလေး