"Appaပြောတာနားလည်လား Soobin"
"Appa ကျွန်တော်မင်ယောင်းကို ညီမလေးတစ်ယောက်ထက်မပိုနိုင်ဘူး"
"တိတ်စမ်း မင်းစေ့စပ်ပွဲကိုငြင်းလိုက်လို့ မင်ယောင်းလေး စိတ်မကောင်းဖစ်နေတာ ညနေသူနဲ့သွားတွေ့လိုက်"
"Appa!!"
"ထပ်မကြားချင်ဘူး"
စကားအကုန်ပြောလိုက်တဲ့အဖေဖြစ်သူကြောင့် Soobin တစ်ယောက်စိတ်တွေရှုပ်ထွေးကုန်တယ်
သူ့မှာ သိပ်ချစ်ရတဲ့ကောင်မလေးရှိနေပီလေ သူ့ခံစားချက်တွေကိုသေချာအောင် သူဒီရက်ပိုင်းစမ်းစစ်ကြည့်မှသိလိုက်ရတာ သူ မေယွန်နာကိုချစ်မိနေပီSoobinဘာမှထပ်မပြောတော့ပဲ ကားသော့ဆွဲကာ ထွက်လာခဲ့တော့သည် ကားထဲရောက်တော့
*Ring*
*Kim Minyoung*သူချပစ်ဖို့စဥ်းစားလိုက်ပေမယ့် အပြီးသတ်နိုင်မှဖစ်မယ့်အရာမို့
"ပြော"
"Oppaကလဲ အသံကြီးကမာလိုက်တာ"
"လိုရင်း"
"လိုရင်းဆို Uncleပြောတယ်မလား"
"ဘယ်ကိုလာရမလဲ"
"Yess ဒါမှဒို့ oppaကွ ဟို butterfly cafeလာခဲ့"
*တီ*
Soobin မင်ယောင်းပြောတဲ့ဆီကိုရောက်သော်
"လာသားပဲ ဟီး"
"မင်းငါ့ကိုအကြောင်းမရှိပဲနဲ့ ခဏခဏမခေါ်နဲ့"
"မေယွန်နာ"
Soobin မျက်ခုံးတွေကြုံ့သွားပီး မင်ယောင်းအားစိုက်ကြည့်လိုက်သည်
"ဟုတ်တယ်မလား အဲ့ဟာမကြောင့်"
"မင်းရူးနေလား"
"မလိမ်နဲ့ oppaသူ့ကြောင့် မင်ယောင်းနဲ့စေ့စပ်ပွဲကိုဖျက်ချင်တာမလား"
"မင်း."
"ခုချိန်ဆို အဲ့ကောင်မ အလုပ်ပြုတ်ပီး တစ်ယောက်ထဲဂျောင်မှာငိုနေလောက်ပီ အဟက်"
"ကင်မ်မင်ယောင်း!!"
"မအော်နဲ့!! တစ်ခုပဲသိထား oppa မင်ယောင်းနဲ့ကိစ္စကိုလက်မခံဘူးဆိုရင် မေယွန်နာကို မင်ယောင်းသင်ခန်းစာပေးရလိမ့်မယ်"