ဒီနေ့တော့ အစောကြီးနိုးမိနေတယ် ဘေးနားက မင်းယောင်းဆိုတဲ့ဟာမလေးလဲအိပ်နေတာမို့ ခပ်တိုးတိုးသာ ပြင်ဆင်ပီးကျောင်းကိုအစောထွက်လာလိုက်တယ် ဟုတ်ပါတယ် အမြင်ကပ်နေရင်တောင်ကျွန်မက မယုတ်မာတတ်ဘူးလေ
ကျောင်းကိုbusနဲ့မသွားတော့ဘဲ လမ်းလျှောက်ပီးသာသွားလိုက်သည် ကျောင်းရောက်တော့ အချိန်က ၇နာရီခွဲနေပီ အရမ်းမစောတော့ဘူးပဲ
လွယ်အိတ်ကိုဘေးချကာ အခန်းပြတင်းပေါက်ကနေအပြင်ကိုလှမ်းကြည့်နေမိသည်
သူသူငါငါသွားလာနေကြတဲ့ ကျောင်းသားကျောင်းသူတွေ သူတို့ကတော့ အပူပင်မရှိသလိုပဲ
ငါတစ်ယောက်ထဲလောင်နေတယ်ထင်ပါ့ လောင်တယ်ဆို ဟိုတနေ့ကအမေနဲ့ဖုန်းဆက်ဖစ်တော့ အိမ်မာ သိပ်အဆင်မပြေဘူးတဲ့လေ မောင်လေးကျောင်းစရိတ်ကလဲပေးရအုံးမယ်တဲ့လေ ကိုယ်လဲစုထားတဲ့ ပိုက်ဆံလေးက ထင်သလောက်မရသေးတော့ ခေါင်းကိုက်ရတာပေါ့"ယွန်နာ.. ယွန်နာ"
"ဟင် အော် sam. Sambae"
ကိုယ့်အတွေးနဲ့ကို လွင့်နေတုန်း ကိုယ့်ဘေးနားတောင်ရောက်နေပီဖစ်တဲ့Soobin Sambae အမှန်တိုင်းပြောရရင်သူနဲ့မတွေ့ချင်ဘူး
"မင်း ကို့ကိုရှောင်နေတာလား"
"အင်း"
"Hoshi မင်ယောင်းကြောင့်လား"
ကိုယ်လဲခုရှုပ်မှနောက်ရှင်းမို့ ပွင့်ပွင့်လင်းလင်းပဲပြောလိုက်တော့တယ်
"ဟုတ်တယ် ကျွန်မ သူနဲ့"
"Sryပါ ကိုယ်မင်းနာမည်ကိုသုံးမိသွားလို့"
"Borr"
"တဂယ်တော့ မင်းယောင်းက ကိုယ့်အဖေရဲ့သူငယ်ချင်းသမီး စီးပွားရေးအရစေ့စပ်ပွဲလက်ခံထားတာ"
"အဲ့တာကျွန်မနဲ့ဆိုင်လို့လား ဘာလို့ကျွန်မလဲ"
"မင်းကို ကိုယ်က သူငယ်ချင်းတစ်ယောက်လိုခင်တာမို့"
"ကျစ် အဓိပ္ပါယ်မရှိလိုက်တာ"
အလကားနေငါက ကြားထဲကအမုန်းခံဖစ်ရသေးတယ် မင်ယောင်ဆိုတဲ့ဟာမနဲ့ပြသနာမဖစ်ချင်လို့ဝေးဝေးနေပါတယ်ဆို ပြသနာက င့ကိုတော်တော်သဘောကျပုံပဲ ငါ့ဆီပဲဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတယ်