Jk ယွန်နာကိုမြင်တော့ပျော်သွားပေမယ့်
ဘေးနားက Soobinကိုပါထပ်မြင်လိုက်တော့ ပါးစောင်ကို လျှာနဲ့ထိုးလိုက်ပီး."ဘာလို့ Kim Soobinဆိုတဲ့ကောင်နဲ့မှလဲ"
Jkလဲ အတိတ်ကအကြောင်းတွေကိုပြန်တွေးမိတော့ ထိုနေရာကနေလှည့်ထွက်သွားကာ ဟန်မြစ်တွင်သာ အချိန်ဖြုန်းနေမိသည်
.
.
.
.
"ပြန်မရောက်သေးတာလား"ယွန်နာJkအခန်းကိုကြည့်ရင်းဆိုမိသည်
"အမ်း.ရူးနေတာပဲငါလဲ သူ့လို့idolတစ်ယောက်က ဒီတိုက်ခန်းတစ်ခုတည်းရှိတာမှမဟုတ်ပဲ"
ကိုယ့်ဘာကိုသာတွေးရင်း ခေါင်းကိုခပ်စပ်စပ်ခါကာ pswနှိပ်ပီးအခန်းထဲသို့ဝင်လိုက်သည်..
*Ring*
အခန်းထဲရောက်တာနဲ့ရေချိုးမို့ပြင်လိုက်ပေမယ့် အမေ့ဆီကဖုန်းဝင်လာတာမို့
*အင်း အမေ
-အဆင်ပြေရဲ့လားသမီး
-ပြေပါတယ်မေမေရဲ့ သမီးအလုပ်ရှင်ကသဘောကောင်းတယ်လေ ေမာင်လေးကော နေကောင်းပီလား
-အင်း မနက်ဖြန်ဆိုဆေးရုံကဆင်းလို့ရပီ
-လိုတာရှိရင်ပြောနော်
-တော်ပါပီ ငါ့သမီးလေးပင်ပန်းနေရောပေါ့
-မပင်ပန်းပါဘူးမေမေရယ်
-အင်းအင်း သမီး ဆရာဝန်တွေလာနေပီဒါပဲနော် ဂရုစိုက်အုံး ချစ်တယ်သမီးလေး*မေမေဖုန်းချသွားတော့ ပါးပြင်ပေါ်ပူနွေးနေတာမို့ ငိုနေမိမှန်းသတိထားမိသည် မေမေနောက်ဆုံးပြောလိုက်တဲ့စကားလေးကြောင့် ရင်ထဲမှာ နွေးထွေးသွားသည်
ချစ်တယ်ဆိုတဲ့စကားကိုခဏခဏပြောစရာမလိုပဲ လုပ်ရပ်တွေကပဲ အရေးကြီးတယ်လိူ့ သတ်မှတ်ထားပေမယ့် ခုလိုချစ်ကြောင်းထုတ်ပြောတဲ့ စကားလုံးလေးက ထင်ထားတာထက်ပိုနွေးထွေးမှန်းမသိခဲ့ဘူး
အဝေးမှာနေမှမိဘရဲ့ တန်ဖိုးကိုနားလည်လာတယ် မိဘအရိပ်ကလွဲရင် တခြားဘယ်လောက်ဖွံ့
ဖြိုးတိုးတက်နေတဲ့နေရာမဆို အဆင်မပြေဘူး မလုံခြုံဘူး နွေးထွေးမှုမရှိဘူး အထီးကျန်တယ်.ယွန်နာက စိတ်ဓာတ်မာကြောတဲ့မိန်းခလေးပေမယ့် တစ်ယောက်ထဲရှင်သန်ရပ်တည်နေရတဲ့အခါမှာတော့ အားငယ်စိတ်ဝင်မိတာပေါ့လေ
