အခန်း ၅

5.1K 423 67
                                    

Unicode

"မင်းဘာမှကြောက်စရာမလိုဘူး ရိပေါ်"

       ကျောင်းဆင်းချိန် သူ့ကိုဝိုင်းကြည့်ပြီး တီးတိုးပြောနေတဲ့ လူတစ်စုကြောင့် ကျိရန်က ရိပေါ်ပုခုံးကို ခပ်ဖွဖွဆုပ်ကိုင်ပြီး အားပေးသည်။

"သူက ဝမ်အုပ်စုရဲ့ တိတ်တိတ်ပုန်းသားလားမသိဘူး ငါ့အဖေကတော့ပြောတယ် ဝမ်ဥက္ကဌက သူ့သားအငယ်ကို ဘယ်တော့မှ ပွဲမထုတ်ဘူးတဲ့"

"ပြီးတော့ ဂေးနေတာတဲ့ အဟက်"

       သူရှိမှန်း သိနေသော်လည်း သူ့နောက်ကနေ သူကြားတဲ့အထိ ပြောနေကြသော ကျောင်းသားတစ်စုကို ရိပေါ်လျစ်လျှူရှုထားလိုက်သည်။ တိတ်တိတ်ပုန်းသားဆိုတာကလွဲ၍ သူတို့ပြောတာအကုန်မှန်နေတာမို့လို့ သူမငြင်းချင်တော့။

"မင်းတို့...."

"ကျိရန်တော်ပြီ "

      ဒေါသထွက်ပြီး ပြန်ပြောဖို့လုပ်သည့် ကျိရန်ကို သူတားလိုက်သည်။ သူ့ကြောင့်ဘယ်သူ့ကိုမှ ရန်မဖြစ်စေချင်ပါ။

"အိမ်မပြန်ဘဲ Relaxသွားလုပ်ရအောင်"

"မရဘူးလေ ကျိရန်ရာ"

"လာစမ်းပါ မင်းအကိုကိုပြောပေးမယ်"

       ကျိရန်က သူပြောတာကို နားမထောင်...။ သူ့လက်ကို ဆွဲပြီး ကျောင်းဝန်းထဲက ထွက်လာသည်။

"မင်းအခုအိမ်မှာပဲလား"

"ကိုကိုဘယ်လိုပြောလိုက်လဲမသိပါဘူး ဒယ်ဒီကပြန်လက်ခံတယ်လေ"

"တော်သေးတာပေါ့ "

     ကျောင်းရှေ့နားမှာ ရပ်ထားသည့် ကျိရန်အိမ်က ကားပေါ်တက်ဖို့ပြင်နေတုန်း ကျောင်းထောင့်ကိုပြေးလာသည့် အကို့ကြောင့် ရိပေါ်ပြုံးလိုက်သည်။

"ကျိရန် ... ငါအကိုနဲ့ပဲပြန်လိုက်သွားလိုက်မယ်"

"လာကြိုတာလား "

"အင်း "

      ကျိရန်ကို နှုတ်ဆက်ပြီး အကို့ဆီကိုပြေးလာတော့ ဖန်ရှင်းကလည်း ကျောင်းထဲကနေ အကို့ဆီပြေးလာနေတာကို တွေ့လိုက်ရသည်။ ဖန်ရှင်းကိုမြင်ရတာ ရိပေါ်သိပ် မကျေနပ်ချင်ပါ။

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Wo Geschichten leben. Entdecke jetzt