အခန်း ၈

5K 389 66
                                    


Unicode

      ဆန်ပြုတ်ပူပူကို ဇွန်းနဲ့မွှေပြီး မှုတ်ပေးနေသည့် အကို့ကို ရိပေါ်ပြုံးပြီးကြည့်နေမိသည်။ နိုးထလာကတည်းက သူဟာအကို့ရင်ခွင်ထဲရောက်နေပြီး အကိုကတော့ သူ့ကို သေချာလေးကြည့်နေခဲ့သည်။

"ဘာတွေတွေးနေတာလဲ"

"အိပ်မက်ဆိုရင်လေ မနိုးချင်တော့ဘူးအကို ဒီလိုလေး အကိုကျွန်တော့်ဘေးမှာရှိနေရင် ပြီးပြည့်စုံပြီထင်တယ်"

"ကဲပါ ဒါလေးစားလိုက်ဦး"

      သူ့ရှေ့ပန်းကန်ထိုးပေးလာသော အကို့ကို ခွံကျွေးဖို့ သူမပြောမိ...။ အကိုစိတ်ရှုပ်သွားမှာ သူကြောက်သည်။

"စားလို့ကောင်းလား များများစားနော်"

"အကိုဘာလို့ကြားထဲလာမတွေ့တာလဲဟင်"

          သူ့မေးသံအဆုံး အကို့ဘက်က တိတ်ဆိတ်သွားသည်။ စားပွဲပေါ်တင်ထားသည့် အကို့လက်ကလေးတွေ တင်းခနဲဆုပ်လိုက်တာကို မြင်တော့ ရိပေါ်မေးမိတာ နောင်တရ၏။ အကိုထပ်ထွက်သွားရင် သူရူးရပါဦးမည်။

"တောင်းပန်ပါတယ် မမေးတော့မှာမို့လို့ မထားခဲ့ပါနဲ့"

"ကိုယ်ကဘာကောင်းလို့လဲ ရိပေါ် ... ကိုယ်ကမင်းအပေါ်မကောင်းဘူးလေ... ထွက်သွားချင်ရင်ထွက်သွားတယ်ထားခဲ့ချင်ရင်ထားခဲ့တယ် ဒီလိုကောင်ကို မင်းဘာလို့ချစ်နေသေးတာလဲ"

"အကိုမို့လို့ .... အကိုဖြစ်နေလို့ ကျွန်တော်မစွန့်လွှတ်နိုင်တာ"

"အင်းလေ ကိုယ်ကမကောင်းဘူးလေ မင်းကိုနာကျင်စေနေတယ်လေ ဒါတောင်ဘာလို့မစွန့်လွှတ်နိုင်တာလဲ"

"အကို့ကိုချစ်လို့"

        အကိုဆက်မေးနေရင်တောင် ရိပေါ် နှစ်မျိုးပဲဖြေနိုင်သည်။ ရိပေါ် အကို့ကို ချစ်လို့ မစွန့်လွှတ်နိုင်တာဖြစ်ပြီး ဘာကြောင့်ချစ်လဲမေးရင်တော့ အကိုဖြစ်နေလို့ လို့ပဲ ဖြေစရာရှိသည်။
အကြောင်းပြချက်ရေရေရာရာမရှိဘဲ ရိပေါ် အကို့ကို သိပ်ချစ်ရပါသည်။

"တော်ပြီ"

"စိတ်ပျက်သွားတာလားဟင် ထပ်ထားခဲ့မလို့လားဟင်"

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Où les histoires vivent. Découvrez maintenant