အခန်း ၁၀

5.7K 404 61
                                    

Unicode

      ဆေးရုံခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး ဟောက်ရွှမ်းက လက်သီးကို တင်းတင်းဆုပ်ကာ သူကို စိုက်ကြည့်နေသည်။

"လေးရက်ရှိပြီ ရိပေါ်သတိမရလာတာလေးရက်ရှိပြီ"

         ဟောက်ရွှမ်းရဲ့ ခပ်တိုးတိုးစကားသံနဲ့အတူ သူမျက်ရည်ကျရပြန်သည်။ သူ့ရဲ့စေ့စပ်ပွဲ ဖိတ်စာကို ဘယ်သူကများရိပေါ်ကို ပေးခဲ့တာလဲ သူမသိ...။ ဒါပေမယ့် အရာအားလုံးဟာ သူ့ကြောင့်ပဲဖြစ်ပျက်ခဲ့ရသည်။

"ဒါရိပေါ်စာအုပ်အကို "

     ကျိရန် လှမ်းပေးလာသည့် စာအုပ်ကို သူ့ဖွင့်လိုက်တော့ ရှေ့ဆုံးစာမျက်နှာမှာ "အကို" ဆိုပြီး အစပြုထား၏။

📖ကျွန်တော့်မှာ အကိုနဲ့ လုပ်ချင်တာတွေအများကြီးရှိတယ် ကျွန်တော်ပြောလိုက်ရင် အကိုစိတ်ဆိုးပြီးထွက်သွားမှာလည်းကြောက်လို့ ဒီစာလေးကိုအကိုမြင်စေချင်နေတယ်📖

📖အကိုက အရမ်းချောတယ်... အကိုအိမ်ထဲဝင်လာတာနဲ့ ကျွန်တော်အကို့ကို ပိုင်ဆိုင်ချင်ခဲ့တာ📖

📖 အကို့ကိုကျွန်တော်ပိုင်ဆိုင်ခဲ့ရတဲ့နေ့ကစပြီး တခြားသူတွေဟာ ကျွန်တော့်အတွက် ဘာမှမဟုတ်တော့ဘူး 📖

📖 ကျွန်တော်ပစ်ချခဲ့တယ် ကျွန်တော့်ကိုသိပ်ချစ်တဲ့ကိုကို့ကအစပေါ့ အကို့အတွက်ကျွန်တော် အကုန်ပစ်ချခဲ့တာ အကိုရှိရင် ဘာမှမလိုဘူး ကျွန်တော်မှန်တယ်မလားဟင်.. 📖

         ထိုစာမျက်နှာလေးမှာတော့ စာလုံးလေးတွေက မျက်ရည်စက်လေးတစ်ချို့ကြောင့် ပျက်ပြယ်နေခဲ့သည်။

📖 အကို... ကျွန်တော်ကြောက်တယ် အကိုထွက်သွားမှာတကယ်ကြောက်တယ် လမ်းမလျှောက်နိုင်တော့တဲ့ ကျွန်တော့်ကိုစိတ်ပျက်သွားမှာ ကြောက်တယ် 📖

📖 ကျွန်တော်ကအရင်လိုမဟုတ်တဲ့အတွက် အကို့ကိုအများကြီး မပူဆာရဲဘူး အရင်လိုအကိုထွက်သွားခဲ့ရင် ပြေးမှမလိုက်နိုင်တော့တာ အကိုထွက်မသွားအောင် အတတ်နိုင်ဆုံး တိတ်တိတ်နေပေးပါ့မယ် 📖

📖 ကျွန်တော်အကိုခွံ့ကျွေးတဲ့ ဆန်ပြုတ်ကိုစားချင်တာ ဒါအကို့ကိုပြောလို့ရပါ့မလားဟင် အကိုစိတ်ဆိုးသွားမှာလား 📖

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Donde viven las historias. Descúbrelo ahora