အပိုင်း ၁၆ (ဇာတ်သိမ်း)

13K 569 157
                                    

Unicode

       သူ့ရောဂါအခြေအနေကို သိပြီးသည့်နေ့မှစပြီး ရိပေါ်ဘာမှမစားနိုင်ဘဲ အိပ်ရာထဲခွေနေမိသည်။ ကိုကိုကလည်း ကုမ္ပဏီကို ကျိရန်နဲ့ လွှတ်ထားပြီး တစ်ချိန်လုံး သူ့ဘေးမှာ ....။ ကိုကိုတင်မဟုတ်ဘဲ အကိုပါ သူ့အခန်းထဲတစ်ချိန်လုံး ရှိပေးသည်။

"ဆန်ပြုတ်လေးစားမလားငယ်လေး"

"ဟင့်အင်း"

     ကိုကိုကတော့ လုပ်နေကျအတိုင်း သူ့နဖူးလေးကို လက်ဖြင့် စမ်းလျက် မေးလာ၏။ သူတကယ်ဘာမှကို မစားချင်...။

"စိတ်မပျော့ရဘူးလေငယ်လေးရာ ငယ်လေးအခုလိုနေတော့ ကိုကိုဘယ်စိတ်ကောင်းမလဲ"

"ရိပေါ်ဘာလုပ်ချင်လဲ ကိုယ့်ကိုပြော..."

      အကို့စကားကြောင့် ရိပေါ်ပြတင်းပေါက်နေကနေ အပြင်ကိုမော့ကြည့်လိုက်တော့ မိုးအုံ့နေသည်။

"ကိုကို..."

"ပြောလေ ငယ်လေး"

"သားအပြင်သွားချင်တယ် "

        ကိုကိုက သက်ပြင်းချပြီး ရာသီဥတုကို ကြည့်သည်။ သွားစေချင်ပုံမပေါ်ပေမယ့် ရိပေါ်ကိုလည်း အလိုလိုက်ချင်နေပုံ...။

"ဘယ်သွားမှာလဲ"

"ကိုကို နဲ့ စက်ဘီးစီးပြီး လိုချင်တာတွေလည်းရှိလို့ဝယ်ပေးပါဦး ပြီးတော့ သားHot Potစားချင်တယ်"

"တကယ်စားမှာလား များများစားမယ်ဆိုမှ ပို့ပေးမှာ"

"များများစားမယ် တကယ်"

         နောက်ဆုံးမှာ ကိုကိုက အပြင်သွားဖို့ လက်ခံလိုက်သည်။ မေမေကတော့ ကနေဒါက အလုပ်တွေကို လက်စသက်ပြီး ဒီမှာ တစ်နှစ်လောက်လာနေဖို့ မနေ့ကတည်းက ပြန်သွားခဲ့ပြီ။

"ကိုကို အဝတ်လဲပေးမယ်"

"သားလုပ်နိုင်ပါတယ် ကိုကိုကလည်း သားက လူမမာကြီးမဟုတ်ပါဘူး"

       သူ့စကားကြားတော့ ကိုကိုဟာ ဝမ်းနည်းသွားဟန်...။ သူလုပ်နိုင်တဲ့အချိန်မှာတော့ ကိုကိုတို့ကို မပင်ပန်းစေချင်...။

"ဘာလေးဝတ်မလဲ အဝါရောင်လေးဝတ်မလား"

"ကိုကို သားဘာသာလုပ်နိုင်တယ်လို့!"

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Wo Geschichten leben. Entdecke jetzt