အခန်း ၉

5K 391 109
                                    

Unicode

      ကိုကိုရေစွတ်ပေးထားသည့် အဝတ်ဖြူဖြူဖြင့် အကို့ရဲ့ ကိုယ်လေးကို ပွတ်ပေးပြီးတာနဲ့ ရိပေါ်ကိုကို့ထံပြန်ပေးလိုက်သည်။

"အိပ်ပါတော့လားငယ်လေး နေမကောင်းသေးဘူးလေ"

"အကိုက ဘယ်တော့မှအဖျားကျမလဲမသိဘူး"

        ကျစ်ကျစ်တောက်ပူနေသောအကို့ နဖူးလေးကို ကိုကိုထပ်ပေးလာသောရေဝတ်လေးနဲ့ ကပ်ပေးရင်းရိပေါ်ခပ်တိုးတိုး ရေရွတ်မိသည်။
အကို့မှာ ပင်ပန်းစရာတွေ သိပ်များနေခဲ့တာလား?

"သား လက်လွှတ်လိုက်ရတော့မလားကိုကို ဒါပေမယ့် အကိုမရှိရင် သားမနေနိုင်ဘူး"

"ငယ်လေးဘာလုပ်ချင်လဲ"

"အကို သိပ်ပင်ပန်းနေပြီဆိုရင်တော့ သားထွက်သွားတော့မယ်"

       ကိုကိုက သက်ပြင်းချသည်။
သူ အကို့ကို ချစ်ခဲ့မိရုံပါပဲ။ အကိုဆိုတဲ့သူစိမ်းတစ်ယောက်ဆီက အချစ်ခံချင်ခဲ့ရုံပဲလေ။

"အိပ်သင့်နေပြီ"

"ကိုကိုပဲ သွားအိပ်ပါ သားကြောင့်အကိုကဖျားရတာမို့လို့ သားပဲ အကို့ဘေးနားရှိနေပါ့မယ်"

        သူဘေးနားရှိနေရင်နေရင်ရော အကို့အတွက်ဘာများအားကိုးရမှာမို့လို့လဲ။

"ကိုကိုက အိပ်ချင်ပြီလား"

"ငယ်လေးပြောစရာရှိလို့လား "

"ဒီမှာပဲနေပေးလို့ရမလားဟင် အကိုအဖျားတက်လာရင် သားကထမလုပ်ပေးနိုင်လို့လေ"

"အင်း ကိုကိုရှိနေပေးမှာမို့လို့ ငယ်လေးအိပ်ချင်အိပ်ပါ"

        သူခေါင်းခါပြလိုက်သည်။ မနေ့ကသူ့ကိုအိမ်ပြန်ပို့ပြီးတာနဲ့ သူ့အဖေဆေးရုံကို ပြန်ပြေးသွားခဲ့သည့် ကိုကိုက ည ၁၂နာရီလောက်မှသူ့ဆီပြန်လာခဲ့၏။ သူနဲ့ အတူတူအိပ်နေရင်း ည၁နာရီလောက်မှာ အဖျားတွေတက်လာ၍ သူဘာမှမလုပ်တတ်ဘဲ ကိုကို့ကို ဖုန်းခေါ်ခဲ့ရခြင်း....။

"အင်း......"

"အကို ... သက်သာရဲ့လား"

"အင်း ကိုယ်ဖျားနေတာလား"

 𝙇𝙊𝙎𝙏 [𝙲𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍]Donde viven las historias. Descúbrelo ahora