2

1.3K 162 2
                                    

အုံခဲကာ ကိုက်နေတဲ့ခေါင်းကိုကိုင်လျက် Chanyeol,ထထိုင်လိုက်သည် ။ ပတ်ဝန်းကျင်ကိုဝေ့ကြည့်မိတော့ ထိန်းလင်းနေတဲ့ မီးအလင်းရောင်တွေကြောင့် ပိုပြီး မူးလာတာကြောင့် မျက်စိအစုံတို့ကိုမှိတ်ချလျက် ခဏအကြာမှာ ဖြည်းညင်းစွာဖွင့်လျက် စပ်စြလိုက်သည်။

သူရောက်နေတာ အခန်းအကျယ်ကြီးတစ်ခု ကြီးမားသော ကုတင်ကျယ်ကြီးရယ် ထောင့်စွန်းနားက နှင်းဆီအနီတစ်ပွင့်ထို့းထားတဲ့ ပန်းအိုးတစ်လုံးတင်ထားတဲ့ ခုံတခုရယ်ကလွဲလို့ အခန်းထဲကမီးရောင်ကြောင့်လင်းထိန်ပြီး ရှင်းလင်းနေခဲ့သည်။

အိတ်ကပ်ထဲကဖုန်းကိုစမ်း၍ဖွင့်ကြည့်လိုက်တော့ အချိန်က မနက်2နာရီ ..ဒါဟာ ပြောရမယ်ဆို အပြင်မှာလဲ မှောင်တဲ့အချိန် ပြီးတော့ အိပ်ချိန် နောက်တစ်ခါထပ်ပြောရမယ်ဆို လူအများစုက အိပ်ချိန်မှာ မီးပိတ်အိပ်ကျမဟုတ်လား တစ်ချို့တစ်လေသာ မီးဖွင့်အိပ်တာလေ ဖွင့်အိပ်လဲ ညမီးအိမ်လောက်သာ။
အခုကတော့ လင်းထိန်နေတာ မနက်လို့ထင်ရလောက်အောင်ပင် ။

Chanyeol မိမိကိုယ်ကိုကိုယ်ပြန်ကြည့်တော့ လက်တွေက ဒဏ်ရာကိုဆေးထည့်ထားပြီးပတ်တီးစည်းထားသည်ကိုတွေ့ရသည်။နောက်ပြီးခေါင်းကိုပတ်တီးစီးပေးထားသည်ကိုလဲခံစားမိသည်။အောင့်နေသော ဗိုက်ကိုဖွဖွဖိလျက်ပင် ရေချိုးခန်းဟုထင်ရသော အခန်းလေးထဲ တံခါးဖွင့်၍ဝင်ခဲ့သည်။ဖြစ်ချင်တော့ Chanyeolထင်သည်က မှန်ခဲ့သည်။ လန်းဆန်သွားအောင် မျက်နှာသစ်ဖို့ဘေစင်ကိုလာခဲ့သည်။‌ရေကိုဖွင့်လိုက်ပြီး လက်ကိုအရင်ဆေးလိုက်ပြီး မျက်နှာကို သစ်လိုက်တော့ မျက်နှာတစ်ခုလုံးကျင်တက်သွားပြီး စူးကနဲပင်အောင့်သွားသည်။

မှန်မှာကြည့်လိုက်တော့ ဒဏ်တွေနဲ့သူ့မျက်နှာကတော်တော့ပင် အခြေအနေဆိုးနေတာမို့ အမြန်ပင် ထွက်ခဲ့ရသည်။အခန်းထဲရောက်တော့ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ ခုရောက်နေတဲ့နေရာကလဲ ဘယ်မှာမှန်းမသိ ပြန်ပေးဆွဲခံရတာလားလို့တွေးမိတော့ Chanyeolလန့်သွားသည်။ တဆက်ထဲ အိတ်ကပ်ထဲကိုစမ်းကြည့်တော့ ပိုက်ဆံ‌ရှိသေးတာမို့ စိတ်သက်သာရာရခဲ့သည်။

Bambi (Edit Version)Where stories live. Discover now