"အကိုလေးparkအတွက်အခန်းပါ"
အိမ်ဖော်အဒေါ်ကြီး ဖွင့်ပေးတဲ့အခန်းထဲ Chanyeol lauggageကိုဆွဲလျက် ဝင်လာခဲ့သည်။
ဒီအခန်းကတော့ Chanyeolရင်းနှီးတဲ့အခန်း တစ်နည်းပြောရရင် ဒီအိမ်ကြီးမှာရှိနေတဲ့အချိန် နေခဲ့တဲ့အခန်း။
အိမ်ဖော်အဒေါ်ကြီးဦးညွှတ်ကာထွက်သွားပြီးနောက်မှာတော့ လက်ထဲကlauggageကို ကုတင်ဘေးချလျက် ကုတက်ပေါ်ဘုန်းကနဲလှဲလိုက်သည်။
ရှုပ်ထွေးနေတဲ့ခံစားချက်ကို သက်ပြင်းရှည်ကြီးတစ်ခုနဲ့အတူ မှုတ်ထုတ်ပါသော်လည်း လေတွေဘဲ ထွက်သွားသည်။ရှုပ်ထွေးနေတဲ့ခံစားချက်ကမထွက်။
အခန်းပတ်ပတ်လည်ကိုမျက်လုံးဝေ့ကြည့်တော့ ပထမဆုံးတွေ့ခဲ့တဲ့အတိုင်ူပင် ကျယ်ဝန်တဲ့အခန်းထဲ ကျယ်ဝန်းတဲ့ကုတင်တစ်လုံးရယ် ထောင့်စွန်ူနားက နှင်းဆီအနီတစ်ပွင့်ထိုးထားတဲ့ပန်းအိုးတင်ထားတဲ့ ခုံတစ်လုံးရယ် ပိုသွားတာဆိုလို့ အဝတ်ဗီရိုတစ်ခုရယ်။
ဒီလိုပုံစံကChanyeolရဲ့စိတ်တွေကို ပိုပြီးရှုပ်ထွေးစေတယ်။မျက်နှာကျက်ကချိတ်ဆွဲထားတဲ့ အလယ်အလတ်မီးဆိုင်းကိုကြည့်မိတော့ ထိန်းလင်းနေတာဘဲ။
ဒေါက် ဒေါက်!
အခန်းတွင်းပျံ့နေတဲ့Chanyeolအာရုံတွေ တံခါးဆီ လွှဲလိုက်သည်။
"ဘယ်သူလဲ"
"အကိုလေးparkကို အကိုလေးbyunခေါ်နေပါတယ်"
မတွေ့ချင်တဲ့မျက်နှာကိုတွေ့ရတော့မှာမို့ Chanyeolခေါင်းကိုတပြင်းပြင်းကုတ်ရင်း စိတ်ညစ်နေသည်။
"အကိုလေးPark.."
"လာပြီ လာပြီ"
စိတ်ညစ်ညစ်နဲ့ဘဲ ကုတင်ပေါ် နှစ်ပတ်သုံးပတ်လိမ့်လျက် ထလာခဲ့သည်။
ဧည့်ခန်းထဲရောက်လာတော့ BaekhyunကChanyeolအားနှုတ်ခမ်းတဖက်မဲ့ကပြုံးကြည့်နေသည်။
"ဘာများလို့အပ်လို့လဲ"
Chanyeolအတတ်နိုင်ဆုံးယဉ်ကျေးစွာပြောလိုက်သည်။
" မင်းရဲ့စာချုပ်အကြောင်းကို အားလုံးသိပြီးပြီမို့လား"
"ဟုတ်ကဲ့"
YOU ARE READING
Bambi (Edit Version)