"Baekhyun ... မနေ့ညကဘာလို့ဖုန်းမဆက်တာလဲ "
" ငါ မနေ့ညကပင်းပန်သွားလို့ "
"အော် "
တိတ်ဆိတ်သွားတဲ့နှစ်ယောက်ကြားမှာတော့ အသံရှုသံကိုဘဲ ကြားနေရသည်။မနေ့ညကKim sojunကိုေတွ့ရတာကြောင့် Baekhyun ဒေါသလဲထွက် စိတ်တွေလဲ ရှုပ်ထွေးနေတာကြောင့် Chanyeol ကိုလဲ ဖုန်းမဆက်ခဲ့သလို အိပ်လဲမပျော်ခဲ့။
"Baekhyun နေကောင်းရဲ့လား ... "
တစ်ဖက်က အသံတိုးတိုးလျလျလေးကြားရတော့ Baekhyun သတိပြန်ဝင်လာသည်။
"ဟင့်အင်း ... ငါ အဆင်ပြေပါတယ် .. Chanyeol ရော ဘာလုပ်နေလဲ "
"အင်း ... ကိုယ် အခု jaeminဆီသွားမလို့"
"အော် ... အဲ့ဒါဆို ဒါဘဲနော် ... "
"အင်း ... အင်း"
ဖုန်းချပြီးနောက်မှာတော့ Baekhyun contentတစ်ခုကို နိပ်၍ ဆက်လိုက်သည်။
"Hello! Park Chanyeolကို သေချာစောင့်ရှောက်ထား သူဘယ်သွားသွား မသိမသာလိုက်သွား"
တစ်ဖက်ခြမ်းက လက်ခံတဲ့အကြောင်း ကြားပြီးနောက် Baekhyun အိပ်ယာပေါ်ဘုန်းကနဲလှဲလိုက်ပြီး မျက်နှာထက်ကို အကြမ်းပတမ်းလက်နဲ့ပွတ်လိုက်သည်။
"ငါ sojunမလှုပ်ရှားခင် လှုပ်ရှားရတော့မယ်"
တစ်ဖက်ကKim Sojunသည်Baekhyun ရဲ့ စီးပွားပြိုင်ဘက်ဖြစ်သလို Baekhyunပိုင်ဆိုင်သမျှ အရာအားလုံးကို အပိုင်စီးချင်နေတဲ့သူ။Baekhyunရဲ့ Companyကို လာထိပါးတိုင်း Baekhyun တည်ငြိမ်စွာပင်ဖြေရှင်းနိုင်ပေမဲ့ Baekhyun ရဲ့ချစ်ရသူကို လာထိပါးရင်တော့ဘမတည်ငြိမ်နိုင်ဖြစ်တာေြကာင့် ။အတတ်နိုင်ဆုံး Baekhyunမရှိတဲ့ ရက်ပိုင်းတွေမှာ Chanyeol ကို ကာကွယ်ထားရမည်။
"ဟူး ..."
လေပူတွေကို မှုတ်ထုတ်လျက် မျက်နှာကြပ်ကိုသာ Baekhyun ေြကာင်လျက်ကြည့်နေမိသည်။
Ting Tong...
လူခေါ်ဘဲလ်အသံကြောင့် Baekhyun အိပ်ယာထပ်မှု မထချင်ထချင်နဲ့ထလာကာ တံခါးဖွင့်လိုက်တော့ မမြင်ချင်တဲ့မျင်နှာကြီးေြကာင့် Baekhyun မျက်ခူံးတွေတွန့်ချိုးသွားသည်။
"Morningပါ Mr.Byun ... Mr.Louisကဒီည Bar သွားမယ်လို့ လာပြောခိုင်းလို့"
"အင်း.."
YOU ARE READING
Bambi (Edit Version)