8

609 113 9
                                    

"Baekhyun သတိထားပါအုံး !"

"ဟင့် ... Mommy ... ဟင့် ... Daddy ...ဟင့်"

မျက်လုံးမဖွင့်ဘဲ ယောင်နေတဲ့ ကုတင်ပေါ်က Baekhyun ကို Chanyeol ပုခုံးမှ ဆွဲမ၍လှုပ်နှိုးနေသည်။

"Baekhyun ထပါအုံး Byun Baekhyun !"

"ဟင့် မထားခဲ့ပါနဲ့ .."

ငိုသံစွက်၍ပြောလာတဲ့သူက Chanyeol ခါးနားကအကျ••စကို ဆုတ်ကိုင်လာသည်။

"ဟင့် ... ဟင့် ..."

ရှိုက်သံလေးတွေနဲ့ အတူ Baekhyun ငြိမ်ကျသွားရင်း အိပ်ပျော်သွားတော့ Chanyeol ကုတင်ထက်သို့ ဖြည်းညင်းစွာပြန်ချလိုက်သည်။

"ဟူး ..."

သက်ပြင်းချလျက် ချွေးစို့ကာ ဆံပင်တစ်ချို့ကပ်နေတဲ့ Baekhyun နဖူးပြင်ကို သပ်ချပေးလိုက်တော့ ပူကျစ်နေတဲ့ အပူချိန် Chanyeol မျက်လုံးပြူးသွားသည်။

"Baekhyun ခင်ဗျားဖျားနေတာဘဲ ... ကျစ်! ဖျားနေတာကို ငြိမ်နေရလားကွာ!"

အလိုမကျသွားသည့်ဟန်နဲ့ ကျစ်စုပ်သပ်ကာ ချွေးတွေစိုရွဲနေတဲ့ Baekhyun night dressပါးပါးလေးကို ချွတ်လိုက်ပြီး ဗီဒိုဆီက အကျ••ယူဖို့လုပ်တော့ Chanyeol မျက်လုံးထပ်ပြူးရပြန်သည်။

ဗီဒိုထဲတွင်ရှိတဲ့ အကျ••တွေအကုန် အနက်ရောင်တွေသာ ဖြစ်နေတာမို့ နာရေးအတွက်ဝတ်ဖို့များစီစဉ်ထားတာလားဟုတွေးရင်း တံခါးကိုပြန်ပိတ်လိုက်သည်။

ပြီးတော့ ကုတင်ထပ်က Boxerလေးသာဝတ်ထားတဲ့ ကိုယ်လုံးဖြူလေးကို စောင်နဲ့သေချာပတ်ထားပြီး ထာစထားခဲ့ကာ Chanyeol ကိုယ့်အခန်းထဲကိုယ် ခပ်သွပ်သွပ်လျှောက်လာခဲ့သည်။

အဆင်ပြေနိုင်မဲ့ ချည်သားလက်ရှည်အဖြူရောင်အကျ••တစ်ထည်နှင့် အရမ်းကို Carzyဖြစ်မိတဲ့ အစင်းသုံးချောင်းဘောင်ဘီးလေးအား ဗီဒိုထဲကနေဆွဲယူလာကာ Baekhyun အခန်းဆီပြန်ထွက်လာခဲ့သည်။

အခန်းထဲရောက်တော့ စောင်ပုံထဲမြုပ်နေတဲ့ကောင်လေးကာ ဟောက်သံလေးထွက်နေတဲ့ကောင်လေးကို Chanyeol သက်ပြင်းချကာ ကြည့်မိသည်။ နောက်ပြီး ကုတင်ထက်တွင်ထိုင်ကာ ကိုယ်လုံးလေးအား မ၍ အကျ••ဝတ်ပေးပြီးနောက်မှာတော့ ဘောင်းဘီကိုပါ ဝတ်ပေးလိုက်သည်။

Bambi (Edit Version)Where stories live. Discover now