10

734 104 3
                                    

တိတ်ဆိတ်ကာ ဟန်မြစ်အားငေးမောနေတဲ့သူ့ကို ကျွန်တော်မျက်လုံးလေး‌ေထာင့်ကပ်ရင်း ကြည့်လိုက်သည်။

မျက်လုံးမှိတ်ကာ ဟန်မြစ်မှတိုက်ခတ်လာသမျှ လေတွေကို ရှူသွင်းနေတဲ့သူဟာ အေးတဲ့လေအေးဒဏ်ကြောင့် နှာခေါင်းလေးတွေနီရဲနေသည်။ပုံစံလေးက ကြွက်နီသေးသေးလေးနဲ့တူတာမို့ ကျွန်တော်သဘောတကျဖြစ်မိရင်း ပါးစပ်ကနေ ရယ်သံထွက်သွားတော့ သူက မျက်စောင်းနဲ့လာကြည့်သည်။ပြီးတော့ ဟန်မြစ်ဘက်ကို အကြည့်ပြန်ရောက်သွားရင်း ပုစွန်ဆီရောင်သန်းနေပြီဖြစ်တဲ့ နေလုံးကြီးကို ငေးမောနေသည်။

ကျွန်တော့ သူ့ကိုငေးနေရင်း စောနကအဖြစ်အပျက်ကိုတွေးမိသွားသည်။လီမင်ဟွာရဲ့စကားကြောင့် ဒေါသထွက်ရမှာ ကျွန်တော်ပေမဲ့ Baekhyun ကဘာကြောင့်ဒေါသထွက်သွားလဲမသိ။ပြီးတော့ Baekhyun လီမင်ဟွာကိုပြောတဲ့စကားတွေကို ကျွန်တော်ကိုကာကွယ်ပြီးပြောနေတယ်ဆိူတဲ့အသိက တကယ်ကိုရင်ထဲနွေးထွေးစေသည်။နောက်ပြီး ကျွန်တော်ကို လူကြားထဲလက်ဆွဲပြီးခေါ်သွားတဲ့ အခိုက်အတန့်က ရင်ထဲ‌ေြဗာင်းဆန်နေတဲ့ခံစားချက်။Companyကနေ ကျွန်တော်ကိုခေါ်လာပြီး ကားကိုလဲသူ့ပါသူမောင်းလာတာ ကျွန်တော်ဆို ဘေးခုံးလေးမှာထိုင်ပြီး တိတ်ဆိတ်‌ေနတဲ့သူ့ပံုကိုကြောက်လွန်းလို့ အသံတောင်မထွက်ရဲဘဲ ပါလာရသည့်အဖြစ်။

အိမ်သွားမယ်လို့သိခဲ့တာ တကယ်သွားခဲ့‌ေတာ့ဟန်မြစ်ဖြစ်နေသည်။ဟန်မြစ်ရောက်တော့လဲ ‌မျက်လုံးမှိတ်ကာ တိတ်တိတ်ဆိတ်ဆိတ်လေးညင်းခံနေတဲ့သူက မိနစ်ပေါင်းများစွာပင်ကြာနေသည်။ကျွန်တော့ဘက်ကဘဲ စကားစလိုက်ရမလားလို့တွေးမိပေမဲ့လဲ သူ့ကိုမနှောင့်ယှက်ချင်တာနဲ့ဘဲ ကျွန်တော်ဒီတိုင်းငေးနေမြဲ။

"ငါမျက်နှာမှာတစ်ခုခုပေနေလို့လား Park Chanyeol"

သူ့ကိုငေးနေတဲ့ ကျွန်တော်က သူ့ဆီကရုတ်သရပ်ကြားလိုက်ရတော့ အထိတ်ထိတ်အပြာအပြာဖြစ်သွားရင်း အကြည့်ကိုဟန်မြစ်ဆီလွှဲလိုက်ရသည်။မသိရင် ကျွန်တော့်ပုံက သူခိုးလူမိသွားတဲ့ပုံစံဖြစ်နေတယ်။

"ဟော ငါမေးတာ မဖြေဘူးလား ငါမျက်နှာမှာဘာပေနေတာလဲလို့"

အသံမာကြောခြင်းလဲမရှိ နူးညံ့ခြင်းလဲမရှိ ပုံမှန်အတိုင်းတာ ပြောနေတဲ့ သူ့ကို ကျွန်တော်ကြည့်မိတော့ သူက ကျွန်တော့်ကိုစိုကြည့်နေလေသည်။

Bambi (Edit Version)Where stories live. Discover now