အပိုင်း(၁)
Uni Ver ~~
"ဆေးလိပ်သောက်တယ်ပေါ့ ဟုတ်လား ။ ညီစေမင်း "
လက်ထဲကကြိမ်လုံးကိုဝေ့ယမ်းရင်းမေးလာတဲ့ ဉီးကြောင့် ညီစေမင်းကြောက်လွန်းလို့တုန်နေမိပြီ။
"အဟက်။ သတ္တိတွေသိပ်ကောင်းနေတယ်ပေါ့ ညီစေမင်း "
"မ ...မဟုတ်ပါဘူး ... ဉီး ..သား .. "
ညီစေမင်း ဘာပြောလို့ပြောရမှန်းမသိတော့။ ခြေထောက်တွေက တဆတ်ဆတ်တုန်ယင်လာပြီး ရင်ထဲမှာလဲတလှပ်လှပ်နဲ့။
"မင်းယောင်္ကျားမဟုတ်ဘူးလား "
သူ့မျက်နှာကိုစေ့စေ့ကြည့်ပြီးမေးလာတဲ့ ဉီးကြောင့် ညီစေမင်းလက်သီးတင်းတင်းဆုပ်လို့ အားတင်းပြီး စိတ်ကိုလျှော့ချလိုက်တယ်။ သူကြောက်နေရင် ဉီးရဲ့ဒေါသကိုဆွပေးသလိုဖြစ်ပြီး ဉီးပိုပြီးစိတ်တိုလာမယ်။ အဲ့ဒါကြောင့် သူ့အပြစ်ကိုဝန်ခံပြီး အပြစ်ခံယူမှ သက်သာရလိမ့်မယ်။
"သား ယောင်္ကျားပါ ဉီး"
ဉီးရဲ့မျက်နှာကိုစေ့စေ့ကြည့်ပြီး ရဲရဲဝံ့ဝံ့ပြန်ဖြေလိုက်တော့ ဉီးကသဘောကျသွားပုံရတယ်။
"ကောင်းပြီ။ မင်းရဲ့အပြစ်တွေကိုပြောပါဉီး"
ပေါ့ပေါ့ပါးပါးနဲ့ ခပ်ပြုံးပြုံးပြောလိုက်တဲ့ ဉီးကြောင့် တင်းထားတဲ့အားအင်တွေက အတုံးအရုံးပြိုလဲကြကုန်ပြန်ပြီ။
"ပြစ်မှုတစ်ခုထပ်တိုးတယ် ညီစေမင်း။ ကဲ ပြောပါဉီး "
လက်နှစ်ဖက်ကိုနောက်ပစ်လို့ သူ့ကိုစေ့စေ့ကြည့်လိုက်တဲ့ ဉီးကြောင့် သူအချိန်ထပ်ဆွဲလို့မရတော့မှန်းသိလိုက်ပြီ။
"သား ..သား .. "
သေချာစဉ်းစားကြည့်မှ အပြစ်တွေကများလွန်းလို့ ဘယ်ကစပြောလို့ပြောရမှန်းမသိ။
"အင်း။ ပြောပါဉီး "
မသိတဲ့လူတွေဆိုရင်တော့ ဉီးကိုကြည့်ရတာ ရွှင်မြူးနေဟန်ပေါက်ပေမယ့် သူသိတယ်။ အဲ့ဒါ ဉီးအရမ်းဒေါသထွက်နေတာ။ သူ့ကိုစိတ်တိုနေတာ။
"ဉီးကို...လိမ်မိပါတယ်။ ကျောင်း...ကျောင်း..ပြေးမိပါတယ်။ ရုပ်ရှင်... သွားကြည့်တယ်။ ဆေးလိပ်လဲသောက်မိပါတယ် "