အပိုင်း(၉)
Uni Ver~~
"ညီစေမင်း။ ညီစေမင်း ။ ဘယ်မလဲ ညီစေမင်း အခုချက်ချင်းလာခဲ့စမ်း "
ထက်ပိုင်ဦး ကားပေါ်ကဆင်းကတည်းက တကြော်ကြော်နဲ့အော်နေတာတောင် ညီစေမင်းတစ်ယောက်အခုထိဆင်းမလာသေး။
ဟိုတနေ့ကတော့ ကားသံကြားတာနဲ့ ခွေးပေါက်လေးလိုအပြေးအလွားလာကြိုပြီး ဇနီးမယားအချောအလှလေးလို ပျာယာခတ်ပြုစုနေတာသူမဟုတ်တဲ့အတိုင်း အခုတော့ ခေါ်မကြားအော်မကြားနဲ့။
အလုပ်ကိစ္စနဲ့အပြင်ခဏထွက်သွားလိုက်ပါတယ်။ ကျူရှင်ဆရာမနဲ့တွေ့ပြီး "ကလေး တုပ်ကွေးဖြစ်နေတာ သက်သာသွားပြီလား"တဲ့ ကျောင်းပျက်ရက်တွေလဲများနေတာမို့ ကလေးကိုသေချာလေးဂရုစိုက်ပေးပါဦးတဲ့"လေ။
ကိုယ်မှာတော့မအားတဲ့ကြားက သူကျောင်းပြေးမှာစိုးလို့ ကျူရှင်ပြေးမှာစိုးလို့ ခြံဝထိရောက်အောင်လိုက်ပို့ခဲ့ရတာ။ ဒါကိုတောင် သူ့ကိုအရူးလုပ်ပြီး ညီစေမင်းကပြေးဖြစ်အောင်ပြေးသည်တဲ့လေ။
တွေ့မယ်။ ငါကနည်းနည်းလေးအလိုလိုက်တာနဲ့ ညီစေမင်းတို့က အချိုးမပြေဖြစ်တော့တာပဲ။ အခုလဲ ဘာမဟုတ်တာလုပ်နေလို့ ခေါ်မကြား အော်မကြားဖြစ်နေလဲမသိဘူး။
ညီညီ့အခန်းကိုဦးတည်လျှောက်သွားလိုက်ပြီး တံခါးဖွင့်ပြီးဝင်လိုက်တော့ ....
သူအိမ်ကထွက်တုန်းကစာကျက်ခိုင်းထားခဲ့တဲ့လူက အခု အိပ်ယာပေါ်မှာခြေနှစ်ချောင်းဖြဲကားထိုင်ပြီး ဂိမ်းဆော့နေတာ .... power bank ကလဲအားသွင်းကြိုးနဲ့တန်းလန်း ... ဒီကလေး အလျော့ပေးတာများလို့ တော်တော်အကျင့်ပျက်နေတာပဲ ....