Unicode
2006 July in Seoul, Korea
"လာနေပြီလာနေပြီ အဖေနှစ်ယောက်ရှိတဲ့ကောင် haha"
"ဖေဖေကြီးနဲ့ဖေဖေလေးကောအဆင်ပြေရဲ့လားဟေ့"
"အမေမရှိပဲအဖေနှစ်ယောက်နဲ့မင်းလိုကောင်ကိုအလိုမရှိဘူးကွ မင်းထွက်သွားငါတို့ကျောင်းသိက္ခာကျတယ်"
ကျောင်းသားအချင်းချင်း ခနဲ့တတ်တဲ့လှောင်ပြောင်မှုတွေနဲ့ခွဲခြားဆက်ဆံမှုတွေ..။
"ဗီဇဆိုတာဖုံးရခက်တယ်သား သူနဲ့မပေါင်းရဘူး"
"အဖေတွေကလည်းမစဥ်းစားတာ ရှက်ဖို့ကောင်းလိုက်တာဟယ်"
"ဝေးဝေးနေနော်ငါ့သား ရွံစရာကောင်းတယ်"
မိဘတွေရဲ့ ရွံရှာခြင်းတွေ စက်ဆုပ်မှုတွေ မုန်းတီးအလိုမကျခြင်းတွေ..။
လူမှန်းသိတတ်စထဲကလှောင်ပြောင်ခံခဲ့ရသည်သာမက ရွယ်တူတွေစီနီယာတွေဆီကကိုယ်ထိလက်ရောက်လည်း အနိုင်ကျင့်ခံခဲ့ရတဲ့အဲဒီ့အချိန်တွေ
"ဂေးကောင်ကိုခဲနဲ့ပေါက်ကြ!!"
ဆိုတဲ့အသံနဲ့တပြိုင်နက်ထဲ ကျွန်တော့်ဆီဦးတည်လာတဲ့ခဲလုံးသေးသေးတွေ..
" ဟင်အင်း မလုပ်ကြပါနဲ့!!!! "
ကြောက်ရွံ့ထိပ်လန့်လျက်ငိုကြွေးကာတောင်းဆိုနေမိတဲ့ဆယ်နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အသံဟာ သူတို့ရဲ့လှောင်ရယ်သံတွေအောက်နစ်မြုပ်လျက်..
ကျွန်တော့်ရဲ့တည်ရှိမှုကသူတို့အတွက်အဲ့လောက်တောင်ပဲမနှစ်မြို့စရာကောင်းစေသည်လား?
စူးရှလှတဲ့ခပ်ကျယ်ကျယ်ဟားတိုက်သရော်သံတွေက နားစည်ထဲသို့ပဲ့တင်ထပ်နေလေရဲ့။
သူတို့ပေးထားတဲ့ကျွန်တော်နဲ့လိုက်ဖက်တဲ့နာမည်က "ရွံစရာကောင်"တဲ့
ကျွန်တော့်ရဲ့ပြင်လို့မရနိုင်ပဲလက်ခံရမည့်အရာတစ်ခုကြောင့် လောကကြီးနဲ့ပတ်ဝန်းကျင်ကထိုက်ထိုက်တန်တန်နာမည်တစ်ခုကိုချန်ပေးလေရဲ့။
ကျွန်တော့်ရဲ့အမှားမဟုတ်သလို ဒယ်ဒီနဲ့ပါပါးရဲ့အမှားလည်းမဟုတ်ပါပဲ သူတို့လက်မခံနိုင်တဲ့အမှန်တရားတစ်ခုကို ကျွန်တော်ကဘာကြောင့်လိုက်လျောညီထွေနေဖို့ကြိုးစားနေရဦးမှာလဲ?
YOU ARE READING
Incomprehensible You // JAYWON
Fiksi PenggemarHyungက ကျွန်တော့အတွက်အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ ဘယ်တော့မှခန့်မှန်းလို့မတတ်သလို နောက်ဆုံးမှာလည်းအတိအကျမဖြေရှင်းနိုင်ပြန်ဘူး။