Unicodeဖုန်းထဲက conversation တွေကိုဖင်တပြန်ခေါင်းတပြန်ဖတ်ပြီး "Woah.." လုပ်လိုက် "Wow.." လုပ်လိုက်နှင့်မပြီးနိုင်သော Jakeရယ်၊ စီးကရက်သောက်ရင်း 'အရာရာကိုသိသွားပြီ' ဆိုပြီးအဓိပ္ပါယ်ရတဲ့မျက်ဝန်းတွေနဲ့ကိုယ့်ကိုစေ့စေ့ကြည့်နေတဲ့ Rikiရယ်။
"လာကြည့်မနေနဲ့ မင်းဘာလို့ replyပြန်လိုက်တာလဲ မဟုတ်ရင်သူဒီလိုစာတွေပို့စရာအကြောင်းမရှိဘူး၊ အရင်ထဲကနားငြီးလို့လွှတ်ထားတာ"
"သူ့ကို blockတာတို့ muteတာတို့လုပ်လို့ရတယ်လေ၊ နားငြီးတဲ့ချာတိတ်ဆိုပြီးမှတ်ထားလိုက်တာနဲ့အကုန်ပျောက်ရောလား"
ပြောစရာစကားတို့ကိုဦးနှောက်ကအလုပ်ပေး၍ရှာမပေးလေတော့ ပါးစပ်ထဲရှိရာပြောပြီး မဆိုင်တဲ့Rikiကိုအပြစ်တင်မိတာနဲ့ Jakeဟာသူ့ညီကိုကာကွယ်တဲ့အနေဖြင့်ခပ်ရွဲ့ရွဲ့မေးခွန်းတို့ကိုပေးလာလေတယ်။
ပြန်မဖြေပဲမသိချင်ယောင်ဆောင်ရင်း Jakeလက်ထဲကဖုန်းကိုဆွဲယူလိုက်ပေမဲ့ Jakeဟာလက်ထဲကဖုန်းကိုတစ်ဖက်လက်ထဲသို့ပြောင်းပြီးအနောက်သို့တိုးဆုတ်သွားလေသည်။
"Heyyy.. နေဦး ငါတို့ကိုမပြောပြတော့ဘူးလား ဘယ်သူလဲ?.. သူငယ်ချင်းအသစ်တော့မဖြစ်နိုင်ဘူး"
"ဒီတိုင်း ညီလေးပါ.. ကျောင်းကဂျူနီယာ"
"Awww.. ပြီးတာပဲ ရော့"
ပြုံးစိစိနှင့်ပြန်ပစ်ပေးလာသောဖုန်းကိုဖွင့်ကြည့်မိတော့ ဘယ်အချိန်ဘယ်သူကပြန်ထားမှန်းမသိသော replyတစ်ကြောင်းက conversationအဆုံးမှာနေရာယူလျက်။
"Yaaaah ! ! ! မင်းတို့.."
"ဘာလို့လဲ ငါတို့လည်းလိုက်မယ်လေ ပျင်းနေတာအတော်ပဲကို"
ဆိုတဲ့ခပ်ဖြီးဖြီးနဲ့စကားတစ်ခွန်းရယ်၊"လိုက်မယ် ဒါမဲ့ငါ့သူငယ်ချင်းနှစ်ယောက်ပါမှ"
ဆိုပြီးပြန်ထားတဲ့ replyကိုသာမှင်သေသေနှင့်ထိုင်ကြည့်ရင်းခေါင်းပင်အနည်းငယ်ကိုက်လာသယောင်။. . . . .
"ငါမလိုက်တော့ဘူး !"
ဆူထွက်နေတဲ့နှုတ်ခမ်းများနဲ့အတူ ဆောင့်အောင့်ကာပြောလာသောဆောနူရဲ့အသံဟာစိတ်ကောက်သွားသောသုံးနှစ်သားလေးတစ်ယောက်ကဲ့သို့။
YOU ARE READING
Incomprehensible You // JAYWON
Fiksi PenggemarHyungက ကျွန်တော့အတွက်အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ ဘယ်တော့မှခန့်မှန်းလို့မတတ်သလို နောက်ဆုံးမှာလည်းအတိအကျမဖြေရှင်းနိုင်ပြန်ဘူး။