Unicodeဆယ်ရက်အကြာမှာ ကျက်သရေမရှိသည့်ကျောင်းသို့ခြေဦးတည်ရပြန်သည်။
သူများအိမ်ကိုမီးရှို့ပြီးရှာမိတဲ့ပြသနာကိုဖြေရှင်းပေးရတော့ အဖိုးအခအနေနဲ့ဆယ်ရက်တိတိအိမ်ထဲမှာပဲနေစေတဲ့ပြစ်ဒဏ်ကိုဖွားဖွားကပေးလာသည်။
အပြစ်ပေးတယ်ဆိုတာထက်ပြသနာကိုရှောင်နေခိုင်းမှန်းသိတာကြောင့်အရေးတယူအထွတ်တတ်မနေပဲ အိမ်ထဲတွင်သာအချိန်ကုန်ဖြစ်ခဲ့သည်။
"Hyung?"
အဝေးမှနေအော်ကာဟစ်ကာနှင့်အပြေးလာပြီး လက်ကောက်ဝတ်သို့ပိုင်စိုးပိုင်နင်းနဲ့ဆွဲလာတဲ့နူးညံ့သောလက်တစ်စုံ။
ဆွဲရုန်းဖို့မကြိုးစားမိတဲ့အပြင် အံ့သြတကြီးနဲ့ပြေးလာကာအရှေ့ရောက်မှအမောဖြေနေသောထိုကောင်လေးအားမှင်သက်ငေးမောနေမိသည့် ဤမျက်ဝန်းတွေ။
ကျောင်းထဲဝင်ဝင်ချင်းထဲကရှောင်ဖယ်ကာအဝေးသို့ပြေးသွားကြတဲ့လူတွေနှင့်ပြောင်းပြန် ထိုကောင်လေးဟာအဝေးမှနေကိုယ့်ဆီပြေးလာတယ်ဆိုတဲ့အသိဟာ ရင်ဘတ်ထဲအနည်းငယ်ပင်နွေးထွေးလာသယောင်။
လူဆိုးလူမိုက်Jayဆိုတဲ့နာမည်နဲ့ရပ်တည်လာတဲ့ထိုကျောင်းဝန်းထဲကိုယ့်အားမသိတဲ့သူမှာမရှိသလောက်။
ထိုလူဆိုးလူမိုက်ဟာ စံပြကျောင်းသားတစ်ယောက်ဖြစ်တဲ့ဂျူနီယာနဲ့အတူတူရှိနေသည်ကို အဝေးကနေစိတ်ဝင်တစားနဲ့ရပ်မကြည့်ကြတဲ့သူတွေမှာလည်းပို၍ပင်မရှိသလောက်။
"ဟင်.. ဆံပင်အရောင်ဆိုးထားတယ်?"
အတန်ကြာမှငေးနေတဲ့မျက်ဝန်းတွေကိုပြန်လည်စိုက်ကြည့်လာရင်း အံ့သြတကြီးနဲ့ပို၍ပင်ပြူးကျယ်လာသယောင်ရှိတဲ့မျက်ဝန်းတွေ။
"Hyungကအမဲရောင်နဲ့အလိုက်ဆုံးပဲ" ဆိုတဲ့ချီးကျူးစကားကိုလက်ဆောင်ပေးရင်းလက်ထဲသို့ထိုးထည့်ပေးလာတဲ့ဖုန်းတစ်လုံး။
အခုချိန်ထိစကားတစ်ခွန်းမျှမဆိုပဲသူ့အမူအယာတွေ ပြောစကားတွေ တစ်ခုချင်းစီကို မျက်နှာသေနှင့်လိုက်ကြည့်နေမိသည့်ကိုယ့်မျက်နှာရှေ့ကို ရုတ်တရက်တိုးထွက်လာတဲ့အတိုင်းသားမျက်မှောင်ကျုံ့ထားတဲ့ထိုမျက်ဝန်းတို့။
YOU ARE READING
Incomprehensible You // JAYWON
FanfictionHyungက ကျွန်တော့အတွက်အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်လိုပဲ ဘယ်တော့မှခန့်မှန်းလို့မတတ်သလို နောက်ဆုံးမှာလည်းအတိအကျမဖြေရှင်းနိုင်ပြန်ဘူး။