I

2.6K 195 12
                                    

ပင်လယ်ပြင်နဲ့ကမ်းစပ်ကြားမှာ
လှပတဲ့ပန်းချီကားလေးတည်ရှိနေတယ်
ကောင်းကင်တစ်ခုလံုးမှာ ရွေ့လျားနေတဲ့
တိမ်စိုင်တွေရဲ့ဘာသာစကားကို
ဘယ်လိုအဓိပ္ပာယ်ဖွင့်ချင်လဲ....

" ကျွန်မ အလုပ်ထွက်ပါရစေ "

ဌာနမှူးဆီကနေအကြိမ်ကြိမ်ပယ်ချခံနေရသော
သူမရဲ့နှုတ်ထွက်စာလေး။အမှိုက်ပုံးထဲနဲ့ဆုပ်ဖြဲခြင်းတို့ကအကြိမ်ကြိမ်။ခရီးသွားကုမ္ပဏီတစ်ခုရဲ့သာမန်ဝန်ထမ်းအဖြစ်အလုပ်လုပ်လာတာသုံးနှစ်ကျော်
ခဲ့ပြီ။သာမန်ဝန်ထမ်းလို့ဆိုသော်ငြားလည်း
နှစ်တိုင်းဝန်ထမ်းကောင်းဆုကိုသူမကရသည်။
အလုပ်ချိန်မှန်တာ၊ရက်မှန်တာစသဖြင့်
ဂျူနီယာတွေကြားမှာသူမကနာမည်ကြီးသည်။

ဌာနကိုရောက်လို့အလုပ်ချိန်စပြီဆိုတာနဲ့
ဆက်သွယ်ရေးအလုပ်ရှုပ်လာတော့သည်။
ကိုယ်ပိုင်အလုပ်စားပွဲပေါ်ကကုမ္ပဏီပိုင်ဖုန်းက
နေတစ်နေကုန်ဖြေကြားရသည်။ Customerတွေ
စိတ်တိုင်းကျမေးမြန်းသမျှနိုင်ငံတွေရဲ့
နာမည်ကြီးနေရာတွေ၊သွားရောက်လည်ပတ်ချင်လာ
အောင်ဆွဲဆောင်ရသည်။တစ်ဖက်ကစိတ်တိုင်းကျ
တာနဲ့လေယာဥ်ပေါ်ရောက်သည်ထိကိုသူမတို့
ကုမ္ပဏီကတာဝန်ယူရသည်။ဖုန်းတွေကြားထဲကပဲ
ခဏခဏရောက်နေရတဲ့နိုင်ငံတွေကို သူမငြီးငွေ့နေပြီ။

ခရီးသွားခြင်းကိုနှစ်သက်တဲ့ သူမကခုအလုပ်နဲ့
နာမည်ဟန်လွှဲကိုက်ညီမှုသိပ်မရှိ။အလုပ်ရပြီဆိုကတည်းကဆိုလ်းမြို့ထဲကိုတောင်အလုပ်ကိစ္စနဲ့
မဟုတ်ရင်မရောက်ဖြစ်တော့ပါ။ တစ်နေ့တစ်နေ့
ငြီးငွေ့ဖွယ်အခြေအနေတွေကနေရုန်းထွက်ဖို့
သူမအလုပ်ထွက်ဖို့ဆုံးဖြတ်ခဲ့သည်။
သုံးလရှိသွားပြီဖြစ်ပေမယ့် ဌာနမှူး Kim Jisooက
သူမရဲ့နှုတ်ထွက်စာကိုအမြဲငြင်းပယ်သည်။

" Park Chaeyoung အလုပ်ထွက်မယ့်အစား
ခွင့်တစ်လပေးပါမယ့် ဒီလိုဆို အဆင်ပြေမလား"

" ဒါပေမယ့်လည်း ကျွန်မက.."

" Chaeyoung ဘက်ကအနားယူဖို့လိုအပ်နေတာပါ
ခုချိန်အရမ်းစိတ်ရှုပ်နေလို့ဒီလိုရွေးချယ်ပေမယ့်
ကျွန်မဘက်ကဝန်ထမ်းကောင်းတစ်ယောက်ကို
မဆုံးရှုံးချင်ဘူး "

You Are My CloudWhere stories live. Discover now