တိမ်တွေမှာ အမှားအမှန်မရှိဘူး
ပြီးတော့ ပညတ်ချက်တွေမရှိဘူး....▫
Market ကိုသွားဖို့ရာ ကားပေါ်ကိုမတက်ကြခင်ထိ
JiAhက Chaeyoung ကိုတစ်ကြည့်ကြည့်လုပ်နေ
ပေမယ့်ဘာမှတော့မပြော။မျက်မှောင်ကြီးတွန့်ချိုး
ထားတာကြောင့်တစ်ခုခုအလိုမကျပုံရသည်။
သူ ဘာကိုအလိုမကျဖြစ်နေမှန်း Chaeyoung
သိတာကြောင့်စကားတစ်ခွန်းမှမဟရဲပါ။Chaeyoung ဝတ်ထားတဲ့စကတ်ကအရမ်းတိုနေသည်။အရင်ကဝတ်တုန်းကတော့ကွက်တိပေမယ့်
အရပ်ရှည်လာတဲ့ Chaeyoung ကြောင့် စကတ်က
ပို၍သေးကွေးသွားရသည်။ တစ်ခြားတစ်ထည်
ပြောင်းဝတ်ကြည့်ဖို့ကြိုးစားပေမယ့်အဆင်မပြေ။
ဘောင်းဘီတွေကဝတ်၍ပင်မရတော့ပါ။ကားမောင်ရင်းနဲ့ JiAh က သူမကိုခဏခဏကြည့်သည်။ ဘာလုပ်ပေးသင့်လဲ၊ဘာလုပ်ပေးရမလဲလို့
တွေးတာပဲဖြစ်ပါစေလို့ Chaeyoung ဆုတောင်းနေမိသည်။လူကြီးတွေစိတ်ဆိုးဒေါသထွက်ရင်
ဒီလိုပဲတိတ်ဆိတ်သွားတတ်တာလား။Chaeyoung တကယ်မတွေးတတ်တော့ပါ။
Lisa နဲ့ဖုန်းပြောဖြစ်တော့ စပြီးဖွင့်ပြောလိုက်တဲ့။
ပြန်မကြိုက်လို့ငြင်းခံရရင် ဆိုလ်းသာပြန်ခဲ့လိုက်တဲ့။
ဘယ်လိုသူငယ်ချင်းမျိုးကို သူမရထားတာလဲလို့
တွေးကအကြိမ်ကြိမ်မေတ္တာပို့ပြီးသွားပြီ။" ကိုယ့် အသက်က ခန့်မှန်းကြည့်မလား"
JiAh ပထမဆုံးပြောလာတဲ့စကားကမေးခွန်းတစ်ခုပါပဲ။ဒီစကားကလည်း သူမဆန္ဒကိုဦးစားပေးထားတယ်။ ပြီးတော့ နှစ်ယောက်တည်းရှိပြီးတိတ်ဆိတ်နေတာသူမပိုပြီးနေရကြပ်မှာစိုးလို့နဲ့တူရဲ့။
မျက်နှာမှာတော့ အပြုံးရိပ်ပါးပါးလွှမ်းစပြုလာသည်။" ဟုတ် "
" ဒါဆို မှန်းကြည့် "
" 37 "
JiAh ခေါင်းခါတယ်။
Chaeyoung ဆက်တွေးနေဆဲ။
39 မှာလည်းမမှန်သလို 41 မှာလည်းမမှန်တော့
အဖြေက သူပြောရမယ့်အလှည့်ဖြစ်သွားတယ်။" ကိုယ် 43 ရှိနေပြီ Chaeyoung ရဲ့ "
" ဟုတ်လို့လား အန်တီကကျွန်မထက်ပိုနုနေတာကို"
YOU ARE READING
You Are My Cloud
Fanfictionအချစ်က ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းလေးတွေလို ပင်လယ်ပြင်ကိုကူးခတ်လာတဲ့လေပြေတွေလို နူးညံ့စွာဖန်းတီးထားတဲ့ပန်းချီကားတစ်ချပ်လို ပျောက်ကွယ်သလိုရှိနေသလိုနဲ့တိမ်တွေလို...