တိမ်တွေကခန့်မှန်းရခက်သလို
တစ်ခါတစ်ရံ စိတ္တဇဆန်သလိုထင်ရသည်
ထိုအမျိုးသမီးကရော....▫
" ကိုယ့်တူမကိုသွားကြိုရတာကို အဲ့လောက်ကို
မကြိုက်တာလား JiAh "JiAh ၏တစ်ဦးတည်းသောတူမဖြစ်သူတက်နေတဲ့ကျောင်းရှိရာလမ်းဘက်သို့ကားကိုချိုးကွေ့ရင်း
ယူဂျယ်ဟွန်းကမေးလိုက်ခြင်းဖြစ်သည်။အင်း တူမကိုသွားကြိုရတာကိုမကြိုက်တာ
မဟုတ်ဘဲ ဂျယ်ဟွန်းနဲ့အတူသွားရတာကို
JiAh မကြိုက်တာ။ ဘွဲ့တွေရလို့ ကုမ္ပဏီမှာ
အလုပ်စဝင်တည်းက ဂျယ်ဟွန်းနဲ့နေ့တိုင်းတွေ့
နေရတာကိုစိတ်ကုန်နေပြီ။မိဘချင်းသဘောတူ
စေ့စပ်ပေးထား၍အတူသွားလာနေရတာကိုလည်း
စိတ်ကုန်နေပြီ။အချိန်တန်ရင်လက်ထပ်ရမှာပဲ
ဆိုတဲ့အသိကို JiAh စိတ်ကုန်နေပြီ။တူမဖြစ်တူကိုေကျာင်းနေ့စဥ်အကြိုအပို့လုပ်ရသော
တာဝန်ကို အစ်ကိုနဲ့ယောင်းမ accident နဲ့
ဆုံးသွားပြီးစဥ်တည်းကဖြစ်သည်။ JiAh တစ်ယောက်တည်းမဟုတ်ဘဲ ဂျယ်ဟွန်းကိုပါ
Appa ကတာဝန်ပေးထားလေတော့ အိမ်ပြန်ချိန်
တောင်လွတ်လပ်မှုမရှိ။ပုံမှန်အတိုင်း JiAh ကကားထဲမှာပဲစောင့်နေခဲ့သည်။
ဂျယ်ဟွန်းကကျောင်းအဝင်ဝမှာ တူမဖြစ်သူကို
စောင့်နေလေသည်။ အဲ့လိုနေ့ရက်တွေကအမြဲလို။တစ်ရက်တော့ ကျောင်းကပွဲအတွက်မိဘဖြစ်သူ
တွေကိုခေါ်တွေ့ကြသည်။ ထိုအခါ JiAh က
လူကြီးအဖြစ်လိုက်ရသည်။ထိုနေ့ကဂျယ်ဟွန်း
အစည်းအဝေးရှိ၍လိုက်မလာခဲ့ပါ။ဆရာမတွေပြောတဲ့စကားတွေကို နားထောင်ရတာကို
JiAh ညည်းငွေ့လာတာကြောင့် အခန်းအပြင်ဘက်ကို
လစ်ထွက်လာခဲ့လိုက်သည်။မထူးခြားတဲ့စကားတွေနဲ့
အစီအစဉ်တွေကိုထပ်ခါတစ်လဲလဲပြောနေကြတာ
စိတ်ပျက်ဖို့ကောင်းနေသည်။ကျောင်းဝန်းထဲမှာတော့ကလေးတွေပြေးလွှား
ဆော့ကစားနေကြတယ်။ကော်ရစ်တာတစ်လျှောက်
လျှောက်ရင်း ထောင့်နားကအခန်းဆီက ဂစ်တာသံ
လိုလိုလေးကြားရတာကြောင့် JiAh ရပ်ပြီး
အခန်းထဲကိုလှမ်းကြည့်လိုက်သည်။
YOU ARE READING
You Are My Cloud
Fanfictionအချစ်က ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းလေးတွေလို ပင်လယ်ပြင်ကိုကူးခတ်လာတဲ့လေပြေတွေလို နူးညံ့စွာဖန်းတီးထားတဲ့ပန်းချီကားတစ်ချပ်လို ပျောက်ကွယ်သလိုရှိနေသလိုနဲ့တိမ်တွေလို...