တိမ်တွေမှာစကားလုံးမရှိဘူး သို့ပေမယ့်...
▫
Lee JiAh က ဝယ်လာသောချက်ပြုတ်စရာများကို
ရေခဲသေတ္တာထဲကိုထည့်နေသည်။စားပွဲမှာထိုင်ပြီး သူလုပ်သမျှထိုင်ကြည့်နေတာ
Chaeyoung သာဖြစ်သည်။ ရုတ်တရက် ဖက်လိုက်
မိတဲ့ Chaeyoung ကသူဘာလုပ်မိလိုက်လည်း
တွေးမိကာ JiAh ကိုအားနာနေမိတယ်။
ဒါပေမယ့်လည်း။" ဒါလေးသောက်ကြည့်မလား "
JiAh က သူမနဲ့မျက်နှာချင်းဆိုင်မှာဝင်ထိုင်သည်၊
လက်ထဲကကိုင်ထားသောကော်ဖီနှစ်ခွက်ကိုမှ
တစ်ခွက်ကို သူမရှေ့ကိုပို့ပေးသည်။
သောက်လိုက်ဦးမဟုတ်ပဲ သောက်ကြည့်မလား ဆိုတဲ့ေြပာဆိုပုံကဦးစားပေးပုံရလို့ သူမသဘောကျတယ်။ အသက်ကြီးတဲ့သူတွေကဒီလိုပဲစကားအပြောအဆိုကအစဦးစားပေးတတ်တာလားလို့
တွေးရင်းြပုံးမိြပန်သည်။အတွေးနဲ့အတူပြုံးနေတဲ့ သူမမျက်နှာလေးကို
JiAh တစ်ချက်လှမ်းကြည့်ကာရယ်နေပြန်သည်။Chaeyoung ထင်သည်။
ဒီအမျိုးသမီးကအမြဲတမ်းရယ်နေတတ်သည်၊
ဒီအမျိုးသမီးရဲ့အားသာချက်က နှုတ်ခမ်းဖျားလေး
တွန့်ကွေးသွားတာ၊ခပ်တိုးတိုးလေးရယ်နေတတ်တာ။ဖက်လိုက်မိသလိုသတ္တိမျိုးထပ်မရှိသေးတာကြောင့်
ဘာလို့ရယ်တာလဲလို့မမေးဖြစ်ပါ။ခပ်နွေးနွေးကော်ဖီကိုတစ်ငုံချင်းသောက်ရင်း စကားဝိုင်းတစ်ခုစတင်ဖို့
အချိန်ယူနေမိသည်။သောက်ဖူးသမျှကော်ဖီတွေထဲ
မှာ ဒီအမျိုးသမီးတိုက်တဲ့ကော်ဖီကသောက်လို့
အကောင်းဆုံးလု့ိသူမထင်သည်။" ေြပာလို့ရပြီလား ကိုယ့်အိမ်ထဲဘာကြောင့်
ရောက်နေရလဲဆိုတာကို "ကော်ဖီတွေကုန်သွားတာကိုသတိမထားမိဘဲ
ကော်ဖီခွက်ကိုကိုင်ထားမိနေဆဲ Chaeyoung က
JiAh အသံကြားမှ ကော်ဖီခွက်ကိုပြန်ချထားလိုက်
သည်။သိချင်တာကိုမေးပြီးစားပွဲပေါ်လက်ထောက်ကာ
မေးတင်ထားသောအမျိုးသမီး၏အာရုံစူးစိုက်မှုက
Chaeyoung ဆီမှာသာ။
ဘယ်လောက်များ ထပ်ပြီးပြုစားဦးမလို့လဲ။
တကယ်ရူးသွပ်သွားရင်တာဝန်ယူမလို့လား။
YOU ARE READING
You Are My Cloud
Fanfictionအချစ်က ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းလေးတွေလို ပင်လယ်ပြင်ကိုကူးခတ်လာတဲ့လေပြေတွေလို နူးညံ့စွာဖန်းတီးထားတဲ့ပန်းချီကားတစ်ချပ်လို ပျောက်ကွယ်သလိုရှိနေသလိုနဲ့တိမ်တွေလို...