ခွင့်ရက်မပြည့်ခင်အလုပ်ထဲရောက်လာတဲ့ Chaeyoung ကို Lisa နားမလည်။ထိုနည်းတူ
Kim Jisoo လည်းနားမလည်ပါ။ အကြောင်းရင်း
ကိုမေးလည်းသူမဘက်ကအဖြေစကားတို့မကြားရ။
ကျွန်မ အဆင်ပြေပါတယ် ဆိုတဲ့စကားနဲ့အတူအလုပ်တွေကိုလုပ်နေဆဲ။ထိုနေ့ကစပြီး Chaeyoung ဆီကနေလုပ်ထွက်မယ်ဆိုသောစကားကိုမကြားရတော့ပါ။Chaeyoung ထွက်ပြေးလာတာ။
ပင်လယ်ဆီကနေ။
တိမ်စိုင်တွေဆီကနေ။
အချစ်ရှိတဲ့အရပ်ကနေ။
သူမမှာချစ်ဖို့သတ္တိတွေရှိမနေခဲ့ဘူး။ဘယ်ကမှန်းမသိတဲ့အမျိုးသမီးတစ်ယောက်
ကမ်းခြေကအိမ်လေးမှာနေတဲ့အမျိုးသမီးတစ်ယောက် အိမ်ထောင်ရှိပြီးမကွာရှင်းရသေးတဲ့အမျိုးသမီးတစ်ယောက် ချစ်ရတဲ့သူရှိတဲ့အမျိုးသမီးတစ်ယောက် ပြီးတော့ သူမကိုနမ်းခဲ့တဲ့အမျိုးသမီးတစ်ယောက်ကို Chaeyoung ချစ်ဖို့ဝန်လေးနေတာ။
ဒီတိုင်း အကြောင်းပြချက်တွေနားထောင်မနေဘဲ
ညတွင်းချင်းလေဆိပ်ကိုပြေးပြီးရရာလေယာဥ်နဲ့
ဆိုလ်းကိုပြန်လာခဲ့တာ။ လာကြိုပေးတဲ့ Lisa ကိုလည်းဘာဖြေရှင်းချက်မှမပေးရသေးပါ။Kim Jisoo ကတော့ပြောပါတယ်။
ခွင့်ရက်ပြည့်မှအလုပ်လာဆင်းဖို့၊
အိမ်မှာပဲနားနေဖို့။ Chaeyoung ငြင်းခဲ့တယ်။
အလုပ်လုပ်နေမှ တစ်ချို့သောအကြောင်းအရာတွေကိုမေ့နိုင်မှာပါ။မနက်ခင်း အလုပ်မသွားခင်မှန်ရှေ့ထိုင်ပြီး
ပြင်ဆင်ရင်တောင် မှန်ထဲမှာမြင်နေရတဲ့သူမနှုတ်ခမ်း
တွေကြောင့် ယောင်ရမ်းသတိရမိတဲ့အမျိုးသမီးက
Lee JiAh သာဖြစ်သည်။ တွေ့ခဲ့တာသုံးရက်ပဲရှိနေလို့သာ။သုံးနှစ်လောက်ဆိုမတွေးရဲစရာပါလား။တစ်ပတ်ခန့်ကြာပြီးချိန်မှာ Lisa အကြောင်းစုံပြောပြ
မိတော့ သူငယ်ချင်းရဲဆဲရေးချင်းကိုခံရသည်။
သဘောကျနေရဲ့သားနဲ့နည်းနည်းလောက်အတူတူ
ထပ်နေလိုက်ရင် ချစ်သူရည်းစားတွေဖြစ်လာနိုင်သားနဲ့။ နင်ကရည်းစားရကံပါမလာဘူးတဲ့ ။
ဒီစကားကို Chaeyoung အပြည့်အဝထောက်ခံမိသည်။တကယ် ချစ်ကြည့်ဖို့သတ္တိနည်းနည်းလေး
သူမမမွေးခဲ့မိဘူး။ထွက်ပြေးဖို့လာဖို့ပဲတွေးခဲ့မိတာ။ဖမ်းဆုပ်ဖု့ိခက်တာ သူလား သူမလား
တကယ်တော့ သူမကိုယ်တိုင်ပါပဲ။
![](https://img.wattpad.com/cover/279378439-288-k564527.jpg)
YOU ARE READING
You Are My Cloud
Fanfictionအချစ်က ကမ်းစပ်ကိုရိုက်ခတ်လာတဲ့လှိုင်းလေးတွေလို ပင်လယ်ပြင်ကိုကူးခတ်လာတဲ့လေပြေတွေလို နူးညံ့စွာဖန်းတီးထားတဲ့ပန်းချီကားတစ်ချပ်လို ပျောက်ကွယ်သလိုရှိနေသလိုနဲ့တိမ်တွေလို...