Prologue (Profiter du moment)

177 22 0
                                    

လက်ရှိမှာပဲ ပျော်ပျော်ကြီး ရှင်သန်ပါ

"အိုး...အခုရက်များတွင် အကျွန်ုပ် မည်မျှပင် တောင့်တခဲ့ရပါသလဲ.... ကြိုးကြာငှက်‌ရဲ့တောင်ပံတွေနဲ့ အကန့်အသတ်မရှိသည့် ပင်လယ်ပြင်ကြီးများ၏ ကမ်းစပ်များပေါ်မှ ပျံသန်းရင်း အဆုံးမရှိသည့်အချိန်နှင့် ခံစားချက်တို့၏ အမြုပ်ထနေသော ရေခွက်ကို သောက်သုံးကာ ဘဝ၏ ပျော်ရွှင်မှုသည် ရုတ်တရက်မြင့်တက်လာခဲ့ပြီး အကျွန်ုပ်၏ ရင်အုံမှ ထိန်းချုပ်ထားသည့် စွမ်းအားများနှင့်အတူ၊ အရာအားလုံးကို ဖန်ဆင်းခဲ့သော ထိုသူ့ထံမှ အဆုံးသတ်ပျော်ရွှင်မှု အစက်တစ်စက်"

- Johann Wolfgang von Goethe, The Sorrows of Young Werther

***
ဖန်သားပြင်ပေါ်မှ လူအား ညိုးငယ်မှုနှင့်အတူ အတိတ်အားလွမ်းဆွတ်တမ်းတခြင်း‌များဖြင့် အားဟန့် ငေးကြည့်‌လိုက်သည်။ ထိုလူ၏ ရွှေအိုရောင်ဆံနွယ်များက အရှေ့တွင်မူ ဖြူဆွတ်လို့နေ၏။

အနှစ်သုံးဆယ် ကုန်လွန်သွားခဲ့လေပြီ။

ဟိုးတုန်းကဆိုလျှင်ဖြင့် ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားသယောင် အားဟန့် ခံစားခဲ့ရသည့်တိုင် ယခုတွင်တော့ အရာအားလုံးကို ပို၍ ရှင်းလင်းပြတ်သတ်စွာ မြင်တတ် ကြည့်တတ်လာပြီ ဖြစ်သည်။

ဟိုးအရင်အချိန်တွေမှာ သူ၏ အချစ်ဦးနှင့် ဆုံတွေ့ခဲ့လေသည်။

ထိုလူသည် ကင်မရာကိုကြည့်၍ အနည်းငယ်အားစိုက်ကာ "လက်ရှိမှာပဲ‌ ပျော်ပျော်ကြီး ရှင်သန်ပါ" ဟု ပြော၏။

အားဟန်နှင့် သူ့ရဲ့ တီးဝိုင်းအဖွဲ့သားဟောင်းများသည် ဝိုင်ခွက်များကို မြှောက်လိုက်ကြကာ"လက်ရှိမှာပဲ ပျော်ပျော်ကြီး ရှင်သန်ပါ"

"အခုလက်ရှိမှာပဲ ရှင်သန်ကြ၊ ဘာမှကြောက်စရာ မလိုဘူး" ဟု ဟွန်းက အော်ပြောလိုက်သည်။ ဟွန်းသည် ၁၉၀ စင်တီမီတာနီးပါး ရှည်မားသည့် အရပ်ကြီးဖြင့် မတ်တပ်ရပ်လိုက်ကာ ရင်ဘတ်ကို ကော့လိုက်၏။

ဖန်သားပြင်ပေါ်မှ လူသည် တိတ်တဆိတ် ရယ်လျက်၊ ထိုရယ်သံများသည် လွန်ခဲ့သည့် အနှစ်သုံးဆယ်မှ အားဟန့် စွဲစွဲမြဲမြဲ မှတ်မိနေသည့် တူညီသော ရယ်သံများဖြစ်ကာ ထိုပြာလဲ့နေသော မျက်ဝန်းများက သူ့အား စိုက်ကြည့်နေသယောင်။ "အကယ်၍ မင်းမှာ မဖြစ်မြောက်သေးတဲ့ အိပ်မက်တွေရှိရင် ဖြစ်မြောက်အောင်လုပ်လိုက်။ အသက်အရမ်းကြီးလာမှ‌ နောင်တမရကြနဲ့"

Your name Engraved Herein (Mm Trans)Where stories live. Discover now