အခန်း ၇

53 5 1
                                    

*TRIGGER WARNING / CONTENT WARNING! *

               မတော်တဆယာဉ်တိုက်မှု

အားဟန့် တစ်ညနေခင်းလုံး စောင့်နေခဲ့ပြီးပြီ ဖြစ်သည်။

ထိုနေ့က တနင်္ဂ‌နွေနေ့ ဖြစ်တာ‌ကြောင့် ပန်းခြံသည် လူများဖြင့်ပြည့်‌နေ၏။ ထိုလူကို စောင့်ရန် လူမြင်ကွင်းနှင့် ဝေးသည့် နေရာလေးကို သူ ရွေးချယ်လိုက်သည်။

သို့သော် ထိုလူက ဘယ်တော့မှ ပေါ်မလာခဲ့။

တယ်လီဖုန်းရုံသို့ အားဟန့် ပြန်သွားလိုက်ကာ အိတ်ကပ်ထဲမှ အကြွေစေ့အချို့ကို ထုတ်လိုက်၏။ အချိန်အကြာကြီး တုန့်ဆိုင်းနေပြီးနောက်တွင် အကြွေစေ့များကို သူ ထည့်လိုက်တော့သည်။

သတ္တိမွေးဖို့ သူ့ကိုယ်သူ သတိထပ်ပေးလိုက်သည်။

"ဘတ်ဒ်ဒီအတွက် စာတစ်စောင်လောက် ချန်ထားချင်လို့ပါ၊" အော်ပရိတ်တာကို သူ ပြောလိုက်သည်။ "အားဟန့်က သူ့ကို ရှာနေတယ်လို့ သူ့ကို ပြောပေးပါ။ သူ ဘယ်မှာလဲ၊ ပြီးတော့... ကျွန်တော့်ရဲ့ စာကိုလည်း ပြန်ဖြေပေးဖို့ ပြောပေးပါ"

အားဟန့် ဖုန်းချလိုက်ကာ စောင့်နေရန် ပန်းခြံထဲသို့ ပြန်ဝင်သွားလိုက်၏။

သူရိန်နေမင်းကြီးသည် အနောက်ဘက်သို့ နေဝင်စပြုလာ၏၊ သို့သော် ဘတ်ဒ်ဒီက‌တော့ ရောက်မလာသေး။

အားဟန့် စိတ်ပျက်ဝမ်းနည်းစွာ ရေကန်နားတွင် ထိုင်နေခဲ့သည်။ အနီးတစ်ဝိုက်တွင် ရေဒီယိုသံ ကြားရသည့်အချိန်၌ သူ လှည့်ကြည့်လိုက်ကာ ပိန်လှီအားနည်းပုံပေါ်သည့် ဖော်ရွေသော မျက်နှာထားဖြင့် လူအိုကြီးကို တွေ့လိုက်ရသည်။ ထိုလူသည် လူ့သက်တမ်း ငါးဆယ် သို့မဟုတ် ခြောက်ဆယ်လောက် ရောက်နေပြီးသည့်ပုံပင်။ သူသည် ရေကန်ထဲရှိ ငါးကြင်းများကို ပေါင်မုန့်စများ ကျွေးနေ၏။

သူ မော့ကြည့်လာကာ အားဟန့်ကို ပြုံးပြလာ၏။

ဝတ္တရားအရ အားဟန့် ပြန်ပြုံးပြလိုက်သည်။

ခဏအကြာတွင် လူအိုကြီးသည် သူ၏ ဓာတ်ဘူးထဲမှ ရေနွေးကြမ်းတစ်ခွက်ကို ထည့်လိုက်ကာ အားဟန့်ဘေးတွင် ထားလိုက်သည်။

Your name Engraved Herein (Mm Trans)Onde histórias criam vida. Descubra agora