(TRIGGER WARNING / CONTENT WARNING!
ဒီအပိုင်းမှာ homophobia ကိုလက်ခံတဲ့ ယုံကြည်မှုတွေပါနေပါတယ်)***
ဖွင့်ဟဝန်ခံခြင်းကောင်းကင်ဘုံရဲ့ အဖဘုရားသခင်၊ တစ်စုံတစ်ယောက်ကို ချစ်မိသွားတာက အပြစ်မဟုတ်ဘူးမလား။ အကျွန်ုပ် မြတ်နိုးမိသူက ယောကျာ်းလေးတစ်ယောက်ဖြစ်နေရင်လည်း အဆင်ပြေသင့်တယ်မလား။
အကျွန်ုပ်က လိင်တူစိတ်ဝင်စားသူတစ်ယောက် မဟုတ်ပါ။ ထိုသူနဲ့ အတူရှိနေရတာကို အလွန်သဘောကျရုံသာ။
အကျွန်ုပ်၏ ခံစားချက်များကို ထိုသူ နားလည်လက်ခံပေးဖို့ အကျွန်ုပ်ဆုတောင်းပါတယ်။
ဘုရားကျောင်းကို မကြာခဏလာလေ့မရှိတာ အကျွန်ုပ်သိပါတယ်၊ ဒါပေမဲ့ အကျွန်ုပ် ကတိပေးပါသည်၊ သူသာ အကျွန်ုပ်ကို လက်ခံပြီး အကျွန်ုပ်နှင့် နီးနီးကပ်ကပ်နေဖို့ ဆန္ဒရှိလာလျှင် တနင်္ဂနွေနေ့တိုင်း ဘုရားကျောင်းကို လာပါ့မယ်။ အကျွန်ုပ်နှင့်အတူ ထိုသူကိုပါ ခေါ်လာပါ့မယ်၊ ဒါဆိုရင် သူလည်း ခရစ်ယာန်ဘာသာဝင်ဖြစ်လာလိမ့်မယ်။
ဆော်ဒွမ်နဲ့ ဂေါ်မိုရာတို့ရဲ့ အပြစ်ကို ဘုရားသခင် ရွံရှာမုန်းတီးမှန်း အကျွန်ုပ်သိပါတယ်။ ဒါပေမဲ့ သူတို့ဟာ လိင်ဆက်ဆံမှုရဲ့သားကောင်တွေပါ။ ထိုလူအပေါ်ထားတဲ့ အကျွန်ုပ်ရဲ့ အချစ်တွေက သန့်ရှင်းဖြူစင်ပြီး တပ်မက်ဆန္ဒတွေ လုံးဝမပါဝင်ပါ။
အဲဒါက ကိုယ်တော်ရဲ့ ကောင်းချီးတွေနဲ့တောင် ဆင်တူပါသေးတယ်။
အကျွန်ုပ် ဆုတောင်းရင် ကိုယ်တော် နားထောင်မယ်လို့ ပြောခဲ့တယ်လေ။
အဲဒါကြောင့် အကျွန်ုပ်တို့နှစ်ယောက် ထိုရုပ်ရှင်ထဲကလို မကွဲသွားဖို့ အကျွန်ုပ်၏ နှလုံးအိမ်အတွင်းမှ ဆုတောင်းပါတယ်။
ကောင်မလေးတွေနဲ့လည်း အကျွန်ုပ် တွဲပါ့မယ်။ ကျေးဇူးပြုပြီး အကျွန်ုပ်တို့နှစ်ယောက်ကိုသာ မခွဲလိုက်ပါနဲ့။
အချစ်ဆုံးသူငယ်ချင်းတွေအဖြစ် အကျွန်ုပ်၏ သက်ဆုံးတိုင်သည်အထိ ထိုသူနဲ့အတူ နေသွားချင်ပါတယ်။
YOU ARE READING
Your name Engraved Herein (Mm Trans)
Short StoryName - Your Name Engraved Herein(刻在你心底的名字) Written by - Yu Ning Chu, Di Fer, Patrick Kuang-Hui Liu English translator - semicolonseas Chapters - prologue + 10 Chapterr Burmese translator - Jing Summary 1987ခုနှစ် ထိုင်ဝမ်၌ စစ်အစိုးရအုပ်ချုပ်ရေးစနစ်...