အခန်း ၂

54 10 9
                                    

                         ဂါဝရပြုခြင်း

တစ်စုံတစ်ယောက် ညဘက် အပြင်ခိုးထွက်သွားတာကို အဆောင်အုပ် မိသွားသည်ဆိုသည့် ကောလဟာလများဟာ ပျံ့နှံ့လို့နေသည်။

အားဟန့် ထိုကောလဟာလများကို ကြားလိုက်ရသည်နှင့် ညစာတောင် မစားနိုင်ဘဲ အဆောင်ထဲသို့ အပြေးအလွှား သွားလိုက်၏။

အဆောင်ခန်းမထဲသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့် အဆောင်အုပ်ရဲ့ ဒေါသထွက်နေသည့်အသံကို ကြားလိုက်ရသည်။ "ကျောင်းသားသစ် ငါတို့ ကျောင်းကို မဖျက်စီးနဲ့။ မင်းရဲ့ ကျောင်းဟောင်းမှာ ဘယ်လိုတွေ နေခဲ့လဲတော့ ငါ မသိဘူး၊ ဒါပေမဲ့ ဒီမှာတော့ ငါတို့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာရမယ်။ နားလည်လား"

အခန်းတိုင်းမှ လူများသည် မည်သူက အဆောင်အုပ်ကို ရန်စရဲသည့် သတ္တိရှိလည်းဆိုသည်ကို သိချင်‌နေကြကာ ခန်းမထဲသို့ ချောင်းကြည့်နေကြသည်။

ဘတ်ဒ်ဒီ၏ အခန်းနားသို့ အားဟန့် ရောက်သွားသည့် အချိန်မှာတော့ အဆောင်အုပ်နှင့် သင်တန်းနည်းပြတို့သည် ဘတ်ဒ်ဒီရှေ့တွင် ရပ်နေသည်ကို သူ တွေ့လိုက်ရ၏။ သင်တန်းနည်းပြသည် လက်ကို နောက်ပစ်ထားကာ ခက်ထန်သော မျက်နှာထားဖြင့် မတ်တပ်ရပ်နေသည်။

အဆောင်အုပ်သည် အမှိုက်ပုံးကို ကန်ချပစ်လိုက်ကာ သိသာစွာ ထွက်ကျလာသော ပလတ်စတစ်ဘူးကို လက်ညိုးထိုး၍ "မင်း စားလိုက်တာလား၊ ကျောင်းကန်တင်းမှာ ဒီလို ဘူးတွေမသုံးဘူး။ အပြင်စာတွေကို ဒီမှာ တားမြစ်ထားတယ်။ စည်းကမ်းတွေကို မဖတ်ရသေးဘူးလား"

သင်တန်းနည်းပြက ဆူပူကြိမ်းမောင်းလိုက်သည်၊ "ဒါက ဘယ်လို ဆံပင်မျိုးတုန်း၊ အရမ်းရှည်လွန်း‌‌နေတယ်" သူသည် သူ၏
နောက်‌‌ကျောမှ ဆံပင်ရိတ်စက်ကို ထုတ်၍ ဘတ်ဒ်ဒီ၏ ခေါင်းကို ငုံ့ခိုင်းလိုက်ကာ ဆံပင်တွေကို ရိတ်ချပစ်လိုက်သည်။ "နောက်‌တစ်ပတ် မတိုင်ခင် ရိတ်လိုက်။ ငါတို့ ပြန်လာကြည့်မယ်၊ နားလည်လား"

ဘတ်ဒ်ဒီ ခေါင်းကို အောက်သို့ ငုံ့ထားဆဲဖြစ်ကာ ဘာမျှမပြောဘဲ တိတ်ဆိတ်စွာနေနေ၏၊ သို့သော် ဘတ်ဒ်ဒီ ပြုံးလိုက်တာကို အားဟန့် သတိထားမိလိုက်သည်။

Your name Engraved Herein (Mm Trans)Onde histórias criam vida. Descubra agora