D O N E

1.7K 132 4
                                    

တရားရုံးက ပေးပို့လာတဲ့ အကြောင်းကြားစာကို ကြည့်ပြီး ရှောင်းကျန့် သက်ပြင်းတွေချနေမိရတယ်။

ဒေါသထွက်လာတိုင်း စိတ်အလိုလိုက်ပြီး ပြောလိုက်မိတဲ့စကားတွေက ဒီအခြေနေထိရောက်စေဖို့တော့ မရည်ရွယ်ခဲ့တာအမှန်။

စပြီးလက်ထပ်ကြကတည်းက ချစ်လို့ နှစ်ဦးသဘောတူ နှစ်ဖက်မိဘတွေ ကန့်ကွက်နေတဲ့ကြားက တစ်အိုးတစ်အိမ်ထူထောင်ခဲ့ကြတာမို့ ကွာရှင်းစာချုပ်ရောက်လာတဲ့ အခြေနေထိဖြစ်သွားရတဲ့အပေါ် ရှောင်းကျန့် ရင်နာရသလို နောင်တတွေလည်း ရမိရတယ်။

ဒါတွေအားလုံးက သူမကောင်းလို့သာဖြစ်ပါတယ် ။

_

A year ago,

"သတို့သားနှစ်ဦး အပြန်အလှန်သစ္စာရှိရှိနဲ့ ပေါင်းဖက်သွားကြပြီး ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ကြရပါစေ"

Fatherရဲ့ စကားအဆုံး ရှောင်းကျန့်က သူ့ရှေ့မှာရပ်နေတဲ့ ဝမ်ရိပေါ်ကိုနမ်းရှိုက်လိုက်တယ်။

မင်္ဂလာပွဲကြီး အထမြောက်ခဲ့ပြီဖြစ်တယ်။

နှစ်ဖက်မိဘတွေကတော့ နဂိုကတည်းက သဘောမတူကြတာမို့ ပွဲလာတက်ပေးပေမယ့်လည်း တာဝန်အရသဘောလောက်သာ ပြုမူနေကြတယ်။ သတို့သားနှစ်ယောက်ကတော့ နှစ်ယောက်ဘဝကို ထူထောင်နိုင်ခဲ့ပြီမို့ ပျော်ရွှင်နေလျက်ရှိနေကြပါတယ်။

ရှောင်းကျန့်နဲ့ ဝမ်ရိပေါ်တို့နှစ်ယောက်ဟာ လုပ်ငန်းခွင်ထဲ‌ဝင်‌ကြမှ တွေ့ခဲ့ကြတာဖြစ်ပြီး တစ်ယောက်နဲ့တစ်ယောက် သဘောကျပြီး တွဲဖြစ်တာလည်း တစ်နှစ်လောက်သာရှိသေးတယ်။ သို့ပေမယ့် နှစ်ယောက်သား တစ်ယောက်နဲ့တစ်ယောက်ချစ်ကြတာ သေချာသည်ထက်ပိုနေပြီမို့ လက်ထပ်ပွဲကို အမြန်ဆုံး အကောင်အထည်ဖော်လိုက်ကြခြင်း။

"မင်းတို့နှစ်ယောက် လက်ထပ်ကြပြီးပြီပဲ။ အဆင်ပြေအောင်နေကြပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရှိနဲ့ နေကြပေါ့"

ရိပေါ်ရဲ့အမေက ရှောင်းကျန့်နဲ့ရိပေါ်ကို ဒီလောက်သာပြောပြီး ပွဲထဲကနေထွက်သွားတော့တယ်။ ရိပေါ်ရဲ့ ညီလေးကတော့ ရိပေါ်ကို ဝမ်းမနည်းဖို့အားပေးပြီး အမေဖြစ်သူနောက် လိုက်သွားရတယ်။ ရိပေါ်မှာက အဖေမရှိတော့။ အမေနဲ့ညီလေးသာရှိတော့သည်။

D O N EWhere stories live. Discover now