D O N E

774 109 7
                                    

ရိပေါ်တို့ မင်္ဂလာသက်တမ်း ဆယ်လပြည့်ပြီ။ ဘာအထိမ်းအမှတ်မှတော့ မလုပ်ဖြစ်ခဲ့ဘူး။ နှစ်ယောက်စလုံး ကိုယ်စီအလုပ်တွေများနေကြတာမလို့။

ပြီးခဲ့တဲ့ လေးလအတွင်း ရှောင်းကျန့်ဘက်ကလည်း ကတိတည်ပေးတာမို့ နှစ်ယောက်သားပြဿနာတွေတော့ မရှိခဲ့။ အဆင်ပြေပြေနဲ့ပဲ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းလာခဲ့ကြတယ်။

ရှောင်းကျန့်ဘက်ကလည်း ရိပေါ်ကို ကတိပေးထားတာမို့ ရှုပ်ပွေတာမျိုးတွေလည်း မလုပ်ဖြစ်ဘဲ အလုပ်ကိုပဲ အာရုံစိုက်ထားတယ်။ ရိပေါ်ကိုလည်း အများကြီးဂရုစိုက်ပေးတယ်။

လေးလအတွင်းပျော်ရွှင်ဖွယ်အတိ အချိန်တွေကိုပိုင်ဆိုင်ခဲ့ကြရပါတယ်။

ပြဿနာဆိုတာ ကြိုမြင်ရတဲ့အရာမှမဟုတ်တော့ ရှောင်ဖို့ကွင်းဖို့လည်းမတတ်နိုင်တဲ့အခါ တည့်တည့်တိုးပြီး ရင်ဆိုင်ရ‌ပါတော့တယ်။

ဒီနေ့က သာမန်ရုံးတက်ရက်။ ရိပေါ်ကတော့ အိမ်ကနေကိုမထွက်ရသေး။ ရုတ်တရက်ကြီး အိမ်ကိုရောက်ချလာတဲ့ ယောက္ခမဖြစ်သူကြောင့်။

ယောက္ခမဖြစ်သူရဲ့ ပြောစကားတွေက သူ့ကိုတွေဝေစေတယ်။ ရှောင်းကျန့်ရဲ့ မျိုးဆက်ကို အငှားကိုယ်ဝန်ဆောင်နဲ့ဖြစ်ဖြစ် ယူစေချင်ကြောင်း လာပြောတဲ့ယောက္ခမက လေသံကအေးစက်စက်ဖြစ်နေပေမယ့် သူတို့နှစ်ယောက်ကိုတော့ထပ်ပြီး ကန့်ကွက်တာမျိုးမရှိတော့ဘူး။ အဲ့လိုပဲ သူ့အပေါ်လည်း ဖာသိဖာသာပင်။

"ငါက ရှောင်းကျန့်ရဲ့အမေဆိုပေမယ့် လောလောဆယ်မှာ မင်းက အန်တီ့သားရဲ့ သက်ဆိုင်သူဆိုတော့ အန်တီ့ဘက်ကလက်မခံချင်ရင်တော့ ပြောင်းလဲလို့ရတော့တာမှမဟုတ်တာ။ အဲ့တော့ မင်းကိုပဲ တောင်းဆိုပါတယ်။ ရှောင်းကျန့်ရဲ့ ကလေးယူမယ့်ကိစ္စကို မကန့်ကွက်ဖို့ပြောချင်တယ်။ အန်တီ့သားကိုတော့ အန်တီကပြောမှာမို့ မင်းဘက်က မကန့်ကွက်‌မိစေဖို့ အန်တီကကြိုပြီး သတိလာပေးတာ။ တော်ကြာ မင်းကန့်ကွက်လို့ဆိုပြီး သားက စိတ်မချမ်းမသာဖြစ်နေရရင် မင်းလည်း စိတ်ကောင်းမယ်မထင်ဘူး"

အပြောအဆိုတွေက ညက်တယ်။ ရိပေါ်ကို ငြင်းလို့မရအောင် ချောက်ပိတ်သွားတာပဲဖြစ်တယ်။ ရိပေါ် ဘာတတ်နိုင်မှာလဲ။ သူသဝန်တိုရင်တောင် တားဆီးဖို့မှမတတ်နိုင်တာ။ ရှောင်းကျန့်ဘက်က သူ့ကိုအလိုက်သိပြီး လက်မခံလိုက်ဖို့ပဲ မျှော်လင့်နိုင်မယ်။ ဒါတောင် သူ့ဘက်က သိပ်ပြီး မျှော်လင့်ချက်ရှိမနေဘူး။ ရှောင်းကျန့်က ကလေးချစ်တတ်တယ်။ ပြီးတော့ လိုလည်းလိုချင်နေတယ်။ ဒါကိုသူသေချာပေါက် သိနေတာမို့... သူတတ်နိုင်တာ တကယ်ပဲ ငြိမ်ငြိမ်လေးနေလိုက်ဖို့သာ ရှိပါတော့တယ်။

D O N EWhere stories live. Discover now