D O N E

784 117 4
                                    

About 6 months after marriage,

နှစ်ဖက်မိဘတွေ ကောင်းချီးပေးခြင်းမခံရတဲ့ အိမ်ထောင်ရေးဟာ ‌စိတ်ကူးယဉ်ဝတ္ထုတွေထဲကလို ချောမွေ့မနေခဲ့။

နှစ်ယောက်စလုံးက စိတ်မရှည်တတ်တဲ့သူတွေ ဖြစ်ကြတာမို့ ထစ်ခနဲဆိုစကားကထများပြီ။ နည်းနည်းပြင်းထန်ရင်တော့ ရန်ပါဖြစ်ရတဲ့အထိပေါ့။

များသောအားဖြင့် ရှောင်းကျန့်ဘက်ကသာ အလျှော့ပေးဖြစ်တာများတယ်။ သူကစိတ်ဆိုးရင် ဘာမှမမြင်တော့ဘဲ ပြောချင်ရာတွေစွတ်ပြောတတ်တာမို့ ရိပေါ်ပြန်ပြီး စိတ်ဆိုးသွားရင်ပြန်ချော့ရပါတယ်။ နှစ်ယောက်စလုံးက ချစ်ကြတာမို့ မတည့်တဲ့အခါတွေ၊ ရန်ဖြစ်တဲ့အခါတွေရှိကြပေမယ့်လည်း ပြေလည်အောင် တစ်ယောက်တစ်လှည့်‌ လျှော့သင့်တာလျှော့ပေးရင်း အိမ်ထောင်ရေးကို စိတ်ဆင်းရဲစရာမဖြစ်ရအောင် ကြိုးစားရတယ်။ အနည်းဆုံးတော့ မိဘတွေရဲ့ ယောက်ျားလေးနှစ်ယောက်ရဲ့ အိမ်ထောင်ရေးက ဘယ်လောက်ထိ တည်မြဲနိုင်မှာမို့လို့လဲဆိုတဲ့ စကားဟာ‌မှားကြောင်း ဝမ်ရိပေါ်နဲ့ရှောင်းကျန့်က သက်သေပြချင်ခဲ့ကြတယ်။

အခုလည်း ရန်ဖြစ်နေကြရပါတယ်။ တခြားတော့မဟုတ် ရှောင်းကျန့်ကို ကောင်မလေးတစ်ယောက်နဲ့ နေ့လည်စာထွက်စားရင်း ‌ဈေးဝယ်စန်တာဘက်မှာ တွေ့လိုက်တာကို ရိပေါ်ကပြဿနာရှာနေခြင်းဖြစ်တယ်။

ဒါပြဿနာရှာကိုရှာရမယ့် ကိစ္စပါပဲ။ ဘာလို့ဆို ကောင်မလေးက ရှောင်းကျန့်လက်မောင်းကို မလွှတ်တမ်း ကိုင်စွဲထားတဲ့အပြင် ရှောင်းကျန့်ကလည်း ပြုံးရယ်နေတာကြောင့် ရိပေါ်က စိတ်ဆိုးပြီး သူတို့နှစ်ယောက်ရှေ့တည့်တည့်မှာ သွားရပ်ပစ်လိုက်တာဖြစ်တယ်။

"‌ဟင် ရိပေါ်"

ရှောင်းကျန့်က သူ့ရှေ့မှာမျက်နှာသေနဲ့ လာရပ်တဲ့ ရိပေါ်ကိုတွေ့တော့ လန့်သွားရတယ်။ ရိပေါ်က တအားသဝန်တိုတတ်တာကိုသိတာမို့။

"ရိပေါ် ဒီကိုဘာလာလုပ်တာလဲ"

ရှောင်းကျန့်ဘက်က မျက်နှာချိုသွေးပြီး စကားစလိုက်ပေမယ့်လို့ ရိပေါ်ရဲ့တည်တင်းနေတဲ့မျက်နှာထားက လျော့မသွား။ မျက်လုံးတွေကလည်း ရှောင်းကျန့်လက်ကို တွဲထားတဲ့ကောင်မလေးရဲ့ လက်တွေကိုစူးရဲစွာစိုက်ကြည့်နေတာမို့ ရှောင်းကျန့်က ချောင်းလေးဟန့်လိုက်ပြီး ကောင်မလေးလက်တွေကို ဖြုတ်ချလိုက်ရတယ်။

D O N EWhere stories live. Discover now