D O N E

756 105 11
                                    

ဒီနေ့က ရိပေါ်နဲ့ရှောင်းကျန့်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့။ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ကြတာ တစ်နှစ်ပြည့်တဲ့ အဖိုးတန်နေ့လေး။

ဒီကြားထဲ နှစ်ယောက်သား စကားသိပ်မပြောဖြစ်ကြ။ ရိပေါ်ဘက်ကလည်း အလုပ်တွေရှုပ်နေခဲ့သလို ရှောင်းကျန့်ဘက်ကလည်း ကိုယ်ဝန်လွယ်ပေးမယ့် အမျိုးသမီးနဲ့အတူ ဆေးစစ်တာတွေ ဘာတွေနဲ့ အလုပ်ရှုပ်နေခဲ့တာမို့။

ရိပေါ်ဘက်က စိတ်လျှော့ပေးခဲ့တယ်။ ရှောင်းကျန့်ပြောသလို သူမလုပ်ပေးနိုင်တဲ့အတွက်။ ဒီကိစ္စအတွက်နဲ့ ရှောင်းကျန့်နဲ့မဝေးနိုင်တာ သေချာနေတာမို့ ရိပေါ်ဘက်ကပဲ သည်းခံပြီး တစ်ထစ်လျှော့ပေးခဲ့ဖြစ်တယ်။ ရှောင်းကျန့်ကတော့ ကျေးဇူးတွေတင်လို့။

တစ်နှစ်ပြည့် နှစ်ပတ်လည်အတွက် ရိပေါ်တစ်နေကုန် ခွင့်ယူပြီး ပြင်ဆင်တယ်။ နှစ်ယောက်သား တန်ဖိုးရှိတဲ့အချိန်တွေကို အတူတူဖြတ်ကျော်ကြမယ်။

ရှောင်းကျန့်ကြိုက်တတ်တဲ့ ဟင်းလေးတွေစုံနေအောင်ချက်တယ်။ ဝိုင်လေးတွေပြင်ဆင်တယ်။ စားပွဲပေါ်မှာ အမှတ်တရကိတ်မုန့်လေးနဲ့။ ဖယောင်းတိုင်လေးတစ်တိုင်စိုက်ထူထားတယ်။ ကိတ်မုန့်ပေါ်မှာ ရိပေါ်နဲ့ရှောင်းကျန့် မင်္ဂလာပွဲမှာ အနမ်းပေးနေကြတဲ့ပုံလေးထည့်ထားတယ်။ ဒီလောက်ဆို ပြည့်စုံပြီထင်။

အလုပ်တွေရှုပ်နေရင်း နာရီကြည့်မိတော့ ညနေငါးနာရီထိုးနေပြီ။ ရှောင်းကျန့်ဆီဖုန်းခေါ်လိုက်တော့ ရုံးဆင်းတာနဲ့ပြန်လာမှာဖြစ်ကြောင်း အကြောင်းကြားတယ်။ သူ့အတွက် လက်ဆောင်လည်း ဝယ်ထားသေးတာမို့ ရင်ခုန်နေပါတဲ့။

ရှောင်းကျန့်က ဒီလိုလည်း ရင်ခုန်အောင် လုပ်တတ်ပါသေးတယ်။

ရိပေါ် ရေမိုးချိုးလိုက်ပြီး ရှောင်းကျန့်သူ့အတွက်ဝယ်ပေးထားတဲ့ pajama လေးပဲ ပေါ့ပေါ့ပါးပါးဝတ်ပြီး ထိုင်စောင့်နေလိုက်တယ်။

One year anniversary ကို couple pajama နဲ့ ဖြတ်သန်းပါမယ်။

ညနေ ၆နာရီခွဲ။ ရှောင်းကျန့်ပြန်ရောက်ရမယ့်အချိန်ဖြစ်နေပြီမို့ ရိပေါ်က ခြံထဲဆင်းပြီးစောင့်နေလိုက်တယ်။ မောမောပန်းပန်းနဲ့ ပြန်လာမယ့် ယောက်ျားဖြစ်သူကို ခြံထဲဝင်လာတာနဲ့ ပထမဆုံးတွေးမြင်‌ရမယ့် အရာဟာ သူပဲဖြစ်စေချင်တယ်။

D O N EWhere stories live. Discover now