ရှောင်းကျန့်က ရိပေါ်လက်လေးကို ကိုင်ထားရင်း ငိုနေတယ်။ ရိပေါ်ကတော့ ဆေးရုံကုတင်ပေါ်မှာ လှဲနေလျက်ကပဲ မျက်နှာလေးကိုတစ်ဖက်လွှဲထားတယ်။ ရှောင်းကျန့်ကို လုံးဝ လှည့်မကြည့်။
"ရိပေါ် ကိုယ်တောင်းပန်ပါတယ်။ ကိုယ်မှားသွားတယ်။ ကိုယ်တကယ်တောင်းပန်ပါတယ်။ ကိုယ်လိုချင်တာမင်းကိုပါ။ မင်းတစ်ယောက်တည်းပါပဲ။ တခြားဘာမှမလိုတာမို့ မင်းနေပြန်ကောင်းလာပေးပါလား။ ကိုယ့်မှာကလေးမရှိလည်းရတယ်။ မင်းတော့ ရှိမှဖြစ်မယ်ရိပေါ်ရယ်"
တတွတ်တွတ်ပြောနေတဲ့ ရှောင်းကျန့်ရဲ့စကားတွေကြောင့် ရိပေါ်မျက်ရည်လေးတွေ ကျလာရတယ်။ မနည်းစိတ်ဆုံးဖြတ်ပြီးကာမှ၊ လက်လွှတ်ပေးလိုက်ဖို့အထိ တွေးထားပြီးကာမှ ရှောင်းကျန့်က သူ့ဆီလိုက်လာပြန်တယ်။
"ကိုယ်လေ မင်းမရှိရင် တကယ်မနေနိုင်ဘူး။ မင်းသာမရှိတော့ရင် ကိုယ်လည်း အသက်မရှင်ချင်ဘူး အချစ်ရယ်"
ရှောင်းကျန့်ရဲ့စကားကြောင့် ရိပေါ်မားက နောက်မှာထိုင်နေရက်နဲ့ငိုတယ်။ ရိပေါ်ညီလေးကလည်း မျက်နှာမကောင်း။
"ကိုယ့်ကို နောက်ဆုံးအနေနဲ့ပဲဖြစ်ဖြစ် အခွင့်ရေးလေးပေးပါဦး။ နော် ရိပေါ်။ မထိုက်တန်ပေမယ့် ကိုယ့်ကို အခွင့်ရေးလေးပေးပါဦး ကလေးရယ်"
ရှောင်းကျန့်ဆုပ်ကိုင်ထားတဲ့ရိပေါ်လက်လေးတွေ တင်းကြပ်သွားတယ်။
ရှောင်းကျန့် မျှော်လင့်ချက်လေးလည်း ရောင်ခြည်သန်းတယ်။
_
ရှောင်းကျန့် ရိပေါ်နားက လုံးဝမခွာဘဲနေတယ်။ ကိုယ်လက်သန့်ရှင်းရေးလည်း သူပဲလုပ်ပေးတယ်။ ရိပေါ်က သတိရှိနေပေမယ့် ဘာစကားတစ်ခွန်းမှမပြောတာကလွဲလို့ ရှောင်းကျန့်ကိုတော့မငြင်းဆန်ခဲ့။
ရှောင်းကျန့်က ရိပေါ်ကိုတောင်းပန်တယ်။ နောက်ကို သူမကြိုက်တာတွေလုံးဝမလုပ်တော့ပါမယ့်အကြောင်းနဲ့ စိတ်ဆိုးတိုင်းစကားကို လက်လွှတ်စပယ် မပြောတော့ပါမယ့်အကြောင်း။ ရိပေါ်ကတော့ ဘာမှကိုပြန်မပြောခဲ့ပါ။
ရိပေါ်အမေနဲ့ညီကတော့ ရှောင်းကျန့်ရဲ့ ဂရုတစိုက်ရှိလှတဲ့ အပြုအမူတွေကြောင့် ရိပေါ်အတွက်ဝမ်းသာနေကြတယ်။ ယောက်ျားလေးနှစ်ယောက် လက်ထပ်ကြတာမို့ ဘဝင်မကျခဲ့ပေမယ့် သူမတို့ဆီရောက်လာတဲ့ ရိပေါ်ရဲ့ပြိုလဲနေတဲ့ပုံကိုမြင်ရတာ မိသားစုဝင်တစ်ယောက်အနေနဲ့ ရင်ထဲမချိလှ။