Love = Game (Part -4)
'အော်.. ဒီဟာတွေကလဲ ကျပဲ ကျတော့ တာပဲ.. '
J Yoon တစ်ယောက် ပွစိ ပွစိ ရေရွတ်ရင်း ပြုတ် ပြုတ် ကျနေသော စာအုပ်တွေ အား ပြန် ပြန် ကောက်ကာ စာကြည့်တိုက်ထဲ မှ ထွက် လာခဲ့သည်...
အခု တလော သူ စာထဲ မှာပဲ စိတ်နှစ် ထား တာ ကြာလေပြီ... မဟုတ်ရင် .......
အခုလဲ စာအုပ်တွေ တစ်နစ် တပိုး နဲ့ စာ ကြည့် တိုက် ထဲ စာ လာလုပ်နေခြင်း ဖြစ်သည်... စာအုပ် တွေ အများကြီး ယူ လာသဖြင့် .. မနိုင်မနင်း .. ပြုတ်ကျလိုက်..
ပြန်ကောက်တင် လိုက်နှင့်.. ခရီးက သိပ်မတွင်လှ....
သူနာရီ လှမ်းကြည့် လိုက်သည်..
Eekkk~~ အတန်း နောက်ကျနေပြီ...
သူ ကော်ရစ်ဒါ ထဲတွင် အမြန် ဆုံးနည်း နှင့် လျှောက် လိုက်သည်..
အတန်းတက် နေကြပြီဖြစ်၍ ကော်ရစ်ဒါ တွေ လူတွေ မရှိကြတော့...
နောက်မှ ရုတ်တရပ် ခြေသံ ကြားလိုက်လေသည် ...
လူရှင်းနေသည့် ကော်ရစ်ဒါ ထဲတွင် နောက် ခြေသံ တစ်ခု ကို သဲကွဲ စွာ ကြားနိုင်ပါသည်...
'Kim Jonghyun !!!! Arishhhh...!'
J yoon ဒေါသထွက် စွာ ရေရွတ် လိုက်သည်.. ဘယ်ချိန် ထဲက လိုက်လာ တာ လဲ မသိဘူး...
သူ ခြေ လှမ်း ကို ဒီထက် မြန်အောင် မြန်မြန်လှမ်း လိုက်သည်..
သို့သော .. စာအုပ်များက အရမ်း လေးသော ကြောင့် သူမော လာသည်..
'မင်းက.. Diary တွေ ဘာတွေ ရေးတာလဲ ၀ါသနာ ပါသားပဲနော်.. '
အနောက်မှ Jonghyun ရဲ့ အဆက်အစပ် မရှိသည့် စကားသံကြောင့် သူခြေလှမ်း များ နည်းနည်း နှေးသွားကာ မျက်မှောင်ကြုတ် လိုက်သည်..
'ဘာတွေ လာပြောနေပြန်ပြီလဲ မသိ.. '
'ပြီးတော့ Diary ထဲက မင်း ဆွဲထား တဲ့ ပုံလေး တွေ ကလဲ လှတယ်... '
YOU ARE READING
Love = Game(Completed)
RomanceKim Jonghyun : အချစ်ကို Game တစ်ခုလို သဘောထား ခဲ့တဲ့ ကျွန်တော်.. သူနဲ့မှ ကျွန်တော် ကိုယ့်ကိုယ်ကို အရုပ် တစ်ရုပ် လို ကစားခံလာရတာ ကိုယ့်ကိုယ်ကို တောင် မသိမိ လိုက်ခဲ့ဘူး... J Yoon (Reader) : အချစ်ကို တန်ဖိုး မထားတတ်တဲ့ လူတစ်ယေ...