Love = Game (Part-9)
'Shin Minah..!´
'Nae..´
'Kim Taeyeon..!´
'Nae..´
'Jin Bora..!´
'Nae..´
'Kim Jonghyun..!´
'....´
'Kim Jonghyun??!.. Jonghyun မလာဘူးလား??´
အတန်းပိုင် ဆရာမ ၏ စကား ကြောင့် J-Yoon ခေါင်းထောင် သွားသည်..
'ခွင့်မတိုင် ပဲ ပျက်ပြန်ပြီ ဒီကလေး..´
သူ နောက်လှည့် ကြည့် လိုက်တော့ ကွက်လပ် ဖြစ်နေသော Jonghyun ခုံလေးက သူ့အား လှောင်နေသယောင်..
ဘာလို့ မလာတာ ပါလိမ့်??
မနေ့က မိုးရေ ထဲမှာ အကြာကြီး ရပ်နေလို့ များ ဖျားနေတာ လားမသိ..!
J-Yoon စိတ်ထဲတွင် ဆိုးရိမ် စိတ်များ ဖြင့် ပြည့်နှက်လာသည်..
မနေ့က သူ တော်တော်များ လွန်သွားလား မသိ!!
ူ့ Jonghyun ရဲ့ လုပ်ရပ် တွေ က သူ့ကို အဲ့လို ရက်ရက်စက်စက် ဖြစ်လာ အောင် တိုက်တွန်းနှိုးဆော် နေသလိုပဲ..!
ခုမှ လွန်သွား မှန်းသိလဲ ဘာမှ ပြန်လုပ် လို့မရတော့..!
တော်တော်ကြီးများ ဖျား နေတာ များလား??
ဒါမှမဟုတ် သူ့မျက်နှာ ကို များ မမြင်ချင်လို့ များ ကျောင်း ကို မလာတာလား?
အဲ့လောက် တောင် စိတ်နာ သွားပြီလား?
စိတ်နာ လက်စ နဲ့ စိတ်နာ ပြီး မုန်း လိုက်ပါတော့ Jonghyun ရယ်~
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆
သည်လိုနှင့် တစ်ပတ် ကုန်တော့မည်...
Jonghyun ရဲ့ အရိပ်အယောင် ပင်မတွေ့..
သူ့ရဲ့ တစ်ပတ်တာ နေ့ရက်များလဲ စိတ်ဆင်းရဲ မှု များ , အပြစ် မကင်း မှုများ နှင့်သာ ကုန်ဆုံး ခဲ့ကြောင်း သူ ၀န်ခံ ပါသည်..
'Noona..!!´
သူ အနောက်ကနေ လှမ်းပုတ် ခံလိုက်ရသော ကြောင့် အတွေးစ များ ပြတ်တောက် သွားသည်..
YOU ARE READING
Love = Game(Completed)
RomanceKim Jonghyun : အချစ်ကို Game တစ်ခုလို သဘောထား ခဲ့တဲ့ ကျွန်တော်.. သူနဲ့မှ ကျွန်တော် ကိုယ့်ကိုယ်ကို အရုပ် တစ်ရုပ် လို ကစားခံလာရတာ ကိုယ့်ကိုယ်ကို တောင် မသိမိ လိုက်ခဲ့ဘူး... J Yoon (Reader) : အချစ်ကို တန်ဖိုး မထားတတ်တဲ့ လူတစ်ယေ...