Love = Game (Part -3)
Jonghyun ..J Yoon အား ဆိုင်ကို Msg ပို့လိုက်ပြီး နောက်.. ညနေ ကျောင်းဆင်း ချိန်လို့ ပြောထားသော်လည်း သူ အိမ်ပြန်လိုက်သေးသည်...
အိမ်ပြန်.. ရေချိုးမိုး.. ခဏနေ မှ သူ ထွက်လာလေသည် ..
သူနာရီ တစ်ချက် ကြည့်လိုက်ရာ.. သူတို့ချိန်းထား သည့် အချိန်ထက် မိနစ် ၃၀ လောက် နောက်ကျ နေပြီဖြစ်သည်..
ဟဟ...တမင်ကို နောက်ကျ မှ ထွက်လာတာ..
စောင့်ပစေ.. တမင် စောင့်ရအောင် ကိုလုပ်တာ..
ဒါကလဲ.. သူ့ရဲ့ နည်းလမ်း များစွာထဲက တစ်ခုလေ... သူ့ကို စောင့်ရင်း ဒေါသထွက်နေမည့် ကောင်မလေး တစ်ယောက် ၏ မျက်နှာ အား မြင်ယောင် ကြည့်မိကာ.. သူ သဘောကျ စွာ ပြုံးလိုက်လေသည် ...
ခဏနေတော့ ..သူ ချိန်းထားတဲ့ ဆိုင်ရောက်နေလေပြီ... သူ ဆိုင်ထဲ တစ်ချက်ဝေ့ကြည့် လိုက်သည်...
J Yoon အရိပ်အယောင် ပင်မတွေ့..
သူ မျက်မှောင်တစ်ချက် ကြုတ် ကာ စဉ်းစား လိုက်သည်..
ပြန်သွားပြီလား မသိ..? အင်း.. ပြန်သွားတာဖြစ်နိုင်သည်..
သူ တတ်နိုင်သလောက် စိတ်ကို တည်ငြိမ်အောင် ထားရင်း အနီးဆုံး ခုံတွေ ၀င်ထိုင် လိုက်သည်..
သူထိုင်လိုက်သည်နှင့် စာပွဲထိုး ကောင်မလေး က သူ့ဆီလာကာ..
အကို..ဘာသုံးဆောင်မလဲ..တဲ့..
သူ ဘာမှ ပြန်မပြောလိုက်ပါ...
အခု သူ့ ဦးနှောက် အား အလုပ်ပေးကာဖြစ်နိုင် သမျှကို တွက်ချက်နေလေသည်..
၁၀ မိနစ်... ၁၅ မိနစ်..
အချိန်တွေ တစ်ဖြည်းဖြည်း ကုန်ဆုံးလာသည် နှင့်အမျှ.. သူ၏ သံသယ မှာ ပို ၍ ပင် ခိုင်မာလာတော့သည်..
ဟုတ်တယ်..J Yoon အစကတည်းက ဒီဆိုင် ကို မရောက်လာခဲ့ပါ...
ESTÁS LEYENDO
Love = Game(Completed)
RomanceKim Jonghyun : အချစ်ကို Game တစ်ခုလို သဘောထား ခဲ့တဲ့ ကျွန်တော်.. သူနဲ့မှ ကျွန်တော် ကိုယ့်ကိုယ်ကို အရုပ် တစ်ရုပ် လို ကစားခံလာရတာ ကိုယ့်ကိုယ်ကို တောင် မသိမိ လိုက်ခဲ့ဘူး... J Yoon (Reader) : အချစ်ကို တန်ဖိုး မထားတတ်တဲ့ လူတစ်ယေ...